Tuesday, November 20, 2012
အသက် ၂၄နှစ်ပြည့် ညီမလေးအတွက်
အသက် ၂၄နှစ်ပြည့် ညီမလေးအတွက်
(၁) ဒီလောကမှာ မိဘတွေပဲ ကိုယ့်အပေါ် ထာဝရကောင်းတယ်ဆိုတဲ့ အမှန်တရားကို ယုံကြည်ထားရမယ်။
သင်၂၄ နှစ်ပြည့်ပြီ။ ငယ်ရွယ်ချိန်မှာ မိဘတွေအပေါ် ဆန့်ကျင်ပုန်ကန်ခဲ့၊ သူတို့စိတ်ပူအောင်လုပ်ခဲ့တာကို မှတ်မိသေးလား။
သင် ၂၄နှစ်ပြည့်ပြီ။ မိဘတွေရဲ့အသက်လည်း ရာစုနှစ်တစ်ဝက်ကျော်တော့မယ်။ သူတို့အပေါ် ကောင်းကောင်းဆက်ဆံဖို့ အချိန်သိပ်မကျန်တော့ပါဘူး။ ဆုံးရှုံးသွားမှ မိုက်မဲဆိုးသွမ်းခဲ့ပါတယ်၊ ကျေးဇူးမဆပ်လိုက်ရဘူးလို့ နောင်တမရပါနဲ့။
(၂) အိမ်ထောင်ပြုတဲ့အသက်အရွယ်ရောက်ပြီဆိုပေမယ့် လောစရာမလိုပါဘူး။
သင့်မှာ ချစ်သူရှိကောင်းရှိလိမ့်မယ်။ သင်နဲ့ သင်ချစ်သူတို့ တစ်သက်လုံးချစ်ကြမယ်လို့ ကတိသစ္စာ ဆိုချင်ဆိုထားကြမယ်။
သင် အခုမှ ၂၄နှစ်ပြည့်တာပါ။ တစ်သက်ဆိုတာ ဘယ်လောက်ရှည်ကြာမယ်မှန်း သင်မသိနိုင်ပါဘူး။ ဘဝဆိုတာ ဖြတ်သန်းပြီးမှ ဖြစ်လာတာပါ။ စိတ်ကူးယဉ်ပြီးမှ ဖြစ်လာတာ မဟုတ်ပါဘူး။
အိမ်ထောင်ပြုတယ်ဆိုတာ လူနှစ်ယောက်တည်းရဲ့ကိစ္စမဟုတ်ပါဘူး။ မိသားစုနှစ်စုရဲ့ ကိစ္စပါ။ တစ်သက်မှာတစ်ခါဆိုတဲ့ ယုံကြည်မှုကိုလက်ကိုင်ထားပြီး အဲဒီတစ်ခါကို အသင့်တော်ဆုံးလူအတွက် ထားပါ။ လောစရာမလိုပါဘူး။
(၃) ကလေးမဆန်၊ မရူးမိုက်နဲ့တော့
သင် ၂၄နှစ်ပြည့်ပြီ။ တခြားလူအတွက် ဟာသဖြစ်စေမယ့် ရူးရူးမိုက်မိုက်အလုပ်တွေ မလုပ်နဲ့တော့။ ည အိမ်မကပ်တာ၊ လမ်းပေါ်မှာ အော်ကြီးဟစ်ကျယ် ရန်ဖြစ်တာ၊ ကိုယ့်အသက်နဲ့ ခြိမ်းခြောက်တာ၊ ဘာမဟုတ်တဲ့ကိစ္စနဲ့ အော်ဟစ်ငိုယိုတာ၊ ဒါတွေက အသက်၂၄နှစ်မပြည့်ခင် ရူးမိုက်ခဲ့၊ တွေ့ကြုံခဲ့ပြီးတဲ့အရာတွေပါ။ အခု အသက် ၂၄နှစ်ပြည့်တော့ ရင့်ကျက်နားလည်မှုတွေ ရှိသင့်ပါပြီ။ မိန်းကလေးဆိုတာ ဂုဏ်ရှိရှိနဲ့ ဝင့်ကြွားစွာရှင်သန်နေသင့်တယ်။ သူတစ်ပါးအချစ်ကိုရဖို့ ကိုယ့်ကိုယ်ကို သိမ်ငယ်နိမ့်ချနေစရာမလိုပါဘူး။
(၄) အထီးကျန် အဖော်မဲ့လို့ ရည်းစားထားတာမျိုး မဖြစ်စေနဲ့။
သင် ၂၄နှစ်ပြည့်ပြီ။ ကိုယ့်ဘဝကို ကိုယ်တာဝန်ယူတတ်ဖို့ သင်ယူရပါမယ်။
(၅) ကိုယ်ကြိုက်နှစ်သက်တဲ့အရာကို တခြားသူဆီကနေ လက်ဆောင်ရဖို့ မမျှော်လင့်ပါနဲ့။
သင် ၂၄နှစ်ပြည့်ပြီ။ အရင်တုန်းက မြူတူတူဆော့ကစားခဲ့သလိုမျိုး အီစီကလီဆိုတာ မရှိသင့်တော့ဘူး။ ကိုယ်ကြိုက်နှစ်သက်တဲ့အရာကို တခြားသူဝယ်ပေးတာမျိုး၊ တခြားသူဆီကနေ လက်ဆောင်ရဖို့ မျှော်လင့်တာမျိုး မရှိသင့်တော့ဘူး။ ကိုယ့်အားကိုယ်ကိုးသင့်ပါပြီ။ ဝင်ငွေမှာလည်း ကိုယ့်အားကိုယ်ကိုးတဲ့ အခြေခံရှိသင့်ပါပြီ။
(၆) တကယ်လို့ ယောက်ျားတစ်ယောက်က သင်နဲ့ သူမတူမတန်ဘူးလို့ပြောလာခဲ့ရင် သူ့စကားကိုယုံကြည်လိုက်ပါ။
သင်နဲ့ မလိုက်ဖက်ဘူး၊ မတူမတန်ဘူးလို့ ကိုယ့်ကိုယ်ကိုပြောလာတဲ့ ယောက်ျားက သင်နဲ့တစ်သက်လုံးလည်း လိုက်ဖက်မှာမဟုတ်ပါဘူး။ အားထားထိုက်မှာ မဟုတ်ပါဘူး။ တန်ဖိုးထားတယ်ဆိုတာ ခွန်အားနဲ့မဆိုင်ပါဘူး။ ငွေကြေးနဲ့မဆိုင်ပါဘူး။
(၇) ပြတ်သားတဲ့ရည်မှန်းချက်နဲ့ အဲဒီရည်မှန်းချက်အတွက် ကြိုးစားပါ။
သင် ၂၄နှစ်ပြည့်ပြီ။ နိုင်ငံခြားထွက် ကျောင်းဆက်တက်မလား၊ အလုပ်ရှာမလား၊ တစ်ခုခု သင်ယူမလား။ သင် ၂၄နှစ်ပြည့်ပြီ။ လူမှုကွန်ယက်ထဲ သင်ခြေဝင်ဆန့်ဖို့ နီးလာပါပြီ။ အဲဒီအတွက် သင်အဆင်သင့်ဖြစ်နေပြီလား။
(၈) လုပ်မယ်လို့ ဆုံးဖြတ်ထားတဲ့အရာကို ဖြစ်အောင်လုပ်ပါ။ တစ်ခါတလေ ကိုယ့်ကိုယ်ကို စည်းကမ်းတင်းကျပ်သင့်တယ်။ ဆုံးဖြတ်ချက် ခိုင်မာသင့်တယ်။ ကိုယ့်ကိုယ်ကို သနားနေရင်၊ ပျော့ညံ့နေရင် ဘာမှဖြစ်လိမ့်မှာမဟုတ်ဘူး။
သင် ၂၄နှစ်ပြည့်ပြီ။ လက်တွေ့ဘဝကို ရင်ဆိုင်တတ်ရပါတော့မယ်။ ရှောင်လွဲတာမျိုး၊ စိတ်ကူးယဉ်တာမျိုး မရှိသင့်တော့ပါဘူး။
(၉) နာကျင်ထိခိုက်စေခဲ့သူကို ကျေးဇူးတင်ပါ။
အသက် ၂၄နှစ်ပြည့်တဲ့နေ့မှာ သင့်ကိုနာကျင်ထိခိုက်စေခဲ့သူကို လက်ပြနှုတ်ဆက်ပါ။ သူတို့ကို ကျေးဇူးတင်ပါ။ သင်ကြီးပြင်းလာခဲ့ပါပြီ။ ထိခိုက်နာကျင်မှုတချို့ကို တည့်တည့်ရင်ဆိုင်ရပါလိမ့်မယ်။ တချို့ထိခိုက်နာကျင်မှုတွေက သင့်ကို ကောင်းတဲ့သင်ခန်းစာတွေ ပေးပါလိမ့်မယ်။
(၁ဝ) လှည့်ထွက်တာက မျက်ရည်ကျတာထက် မြန်ရမယ်။
သင် ၂၄နှစ်ပြည့်ပြီ။ ဘယ်သူကမှ သင့်ကိုကလေးလို သဘောထားတော့မှာ မဟုတ်ဘူး။ ကိုယ့်အမှားကို ကိုယ်တိုင်တာဝန်ယူတတ်ရပါတော့မယ်။
သင် ၂၄နှစ်ပြည့်ပြီ။ နာကျင်ဝမ်းနည်းမှုတွေ၊ အခက်အခဲတွေကို ခံနိုင်ရည်ရှိဖို့ သင်ကြိုးစားရပါမယ်။ ဒါတွေဟာ ဖြစ်ပြီးရင် ပျက်သွားမယ်အရာတွေပါ။ ငါ သတ္တိရှိရှိလုပ်နိုင်တယ်လို့ ကိုယ့်ကိုယ်ကို အမြဲအားပေးပါ။ တခြားသူရဲ့ရှေ့မှာ ဘယ်တော့မှ မျက်ရည်မကျစေပါနဲ့။ သင့်မျက်ရည်ကို သူတို့မြင်ဖန်များရင် သင်ဟာ ပျော့ညံ့သူဆိုတာ သူတို့အလိုလိုသိသွားပါလိမ့်မယ်။
စိတ်ကူးအိပ်မက်နဲ့ လမ်းဖောက်မယ်
စိတ်ကူးအိပ်မက်နဲ့ လမ်းဖောက်မယ်
 ၁၈၆၇ ခုနှစ်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး William H. Seward ဟာ ဒေါ်လာ ၇.၂ မီလီယံနဲ့ ရုရှားနိုင်ငံရဲ့လက်ထဲကနေ အလက်စကား (Alaska) ကိုဝယ်ယူခဲ့တယ်။ ဝယ်ယူစဉ်ခဲ့တုန်းက လွှတ်တော်မှာ ပြင်းထန်တဲ့ ဝေဖန်ငြင်းခုန်သံတွေ မပြတ်ခဲ့ဘူး။ တချို့လွှတ်တော်အမတ်က သူ့ကို "Williamရဲ့ လူပြိန်းလုပ်ရပ်"လို့ ဝေဖန်ခဲ့ကြတယ်။ တကယ်လည်း အဲဒီတုန်းက အလက်စကားဟာ သဲဗွက်နဲ့ လေနီကြမ်းတွေကလွဲလို့ ဘာမှမရှိတဲ့အရပ်ဖြစ်တယ်။ ရှားစောင်းပင်တွေနဲ့ ပူးကောင်တွေသာ ပြည့်ခဲ့တဲ့အရပ်ဖြစ်တယ်။ လွှတ်တော်အမတ်တစ်ဦးက "ဒီရုရှားနယ်မြေက ငါတို့ကို ဘာ နာမည်ကောင်း၊ စည်းစိမ်ချမ်းသာ၊ အင်အားတွေပေးနိုင်မှာ မဟုတ်ဘူး။ ငါတို့ကို ပိုအင်အားချိနဲ့စေမှာပါ" လို့ ပြောဆိုခဲ့တယ်။
လူတွေရဲ့ ဝေဖန်ပြစ်တင်တာကိုခံရတဲ့ William H. Seward က အေးဆေးတည်ငြိမ်စွာနဲ့ "မြေဧရိယာတစ်ခုဟာ ကျတ်တီးမြေပဲဖြစ်နေပါစေ ဒါအရေးမကြီးဘူး။ အရေးကြီးတာက အဲဒီမြေပေါ်မှာ ငါတို့ရဲ့စိတ်ကူးအိပ်မက်ကို စိုက်ပျိုးရဲ မရဲဆိုတာပါပဲ"လို့ စကားတစ်ခွန်းပဲပြောခဲ့တယ်။
ဒီကနေ့ရဲ့ အလက်စကားဟာ ရေနံ၊ သဘာဝဓာတ်ငွေ့နဲ့ အဖိုးတန်သတ္တုတွေ ထွက်ရှိရာနေရာဖြစ်ခဲ့ပြီး အမေရိကန်ရဲ့ တတိယအချမ်းသာဆုံး ပြည်နယ်တစ်ခုဖြစ်ခဲ့တယ်။ William H. Seward စိုက်ပျိုးခဲ့တဲ့ စိတ်ကူးအိပ်မက်သစ်ပင်က အခုချိန်မှာ အသီးအရွက်တွေနဲ့ ဝေဝေဆာဆာ ဖူးပွင့်နေခဲ့ပြီဖြစ်ပါတယ်။
99sanay
Saturday, November 17, 2012
( လကိုဖမ်းဖို့ပိုက်ကွန်ယက်ကြရအောင် - ၁)
တစ်စုံတစ်ယောက်ကို ချစ်မြတ်နိုးတဲ့အရသာဟာ လောကကြီးမှာ ကြည်နှုးမိန်းမူးစရာအကောင်းဆုံးပါပဲ။ တစ်စုံတစ်ယောက်ကို ချစ်မြတ်နိုးစိတ်နဲ့ လောကကြီးကို ကြည့်မိတဲ့အခါ ကမ္ဘာလောကကြီးတစ်ခုလုံးမှာ ပွင့်ကြကုန်သမျှ ပန်းပွင့်တွေဟာ လှပကုန်ကြပါတယ်။ ပင်လယ်ပြင်လည်းလှ၊ တောင်တန်းတွေလည်းလှ၊ တိမ်တွေလည်းလှ ၊ဘောလုံးကစားနေတဲ့ ကလေးတွေလည်းလှ၊ လမ်းဖြတ်ကူးနေတဲ့လူတွေလည်းလှ၊ အားလုံးပဲလှနေကြ သိမ်မွေ့နူးညံ့နေကြပါတယ်။ အလှဆုံးအရာဆိုတာတော့ လောကမှာ ရှိကြတာပဲလေ။ အလှဆုံးအရာကတော့ ကိုယ့်ချစ်သူနဲ့ ထိလိုက်တဲ့အရာတွေပဲဖြစ်လိမ့်မယ်
( လကိုဖမ်းဖို့ပိုက်ကွန်ယက်ကြရအောင် - ၁)
ဂျူး
Thursday, November 15, 2012
For Mind !
အခက်အခဲတွေနဲ့ ရင်ဆိုင်ရမှာကို မကြောက်ပါနဲ့
ပြဿနာရပ်တွေ ဖြစ်ပွားမှာကို မစိုးရိမ်နဲ့
ရင်ဆိုင်ရတဲ့အခါ၊ ဖြစ်ပွားတဲ့အခါ လောကကြီးကို ကျိန်ဆဲမနေပါနဲ့
မိုးရွာပြီဆိုမှတော့ မိုးတားဖို့ ယတြာချေ၊ မိုးရပ်ဖို့ မိုးနတ်မင်းကို အပြစ်တင်နေလို့မရပါဘူး
လုပ်ရမှာက ထီးတစ်ချောင်းကို အမြန်ရှာယူဖို့ပါပဲ
အခက်အခဲ၊ ပြဿနာတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရတဲ့အခါ
အပြစ်တင်ဖို့၊ လွှဲချဖို့၊ ရှောင်လွဲဖို့အရင် မစဉ်းစားပါနဲ့
ဘယ်လိုဖြေရှင်းမလဲ၊ ဘယ်လိုဖြေရှင်းနိုင်မလဲဆိုတဲ့ ဖြေရှင်းနည်းကိုအရင်ရှာဖို့က အဓိကဖြစ်ပါတယ်။
ညတုန်းက သင်ဘယ်လောက်ပဲ အသဲကွဲအောင် ငိုကြွေးခဲ့ ငိုကြွေးခဲ့
မနက်လင်းလာတော့လည်း ဒီမြို့ပြက ဘာမှပြောင်းလဲမသွားဘူး
လူတွေ၊ ကားတွေက သူ့နဂိုအတိုင်း လှုပ်ရှားမြဲ လှုပ်ရှားလျှက်ပါပဲ
သင်ပျော်ရွှင်သည်ဖြစ်စေ၊ သင်မပျော်ရွှင်သည်ဖြစ်စေ
ဒီမြို့ပြက အချိန်အကုန်ခံပြီး သင့်ကိုစောင့်နေလိမ့်မှာမဟုတ်ဘူး
အရှေ့နေထွက် အနောက်နေဝင်ဖြစ်စဉ်အတိုင်း သူပုံမှန်လည်ပတ်နေမှာပဲ
သင်လုပ်ရမှာက ဖြစ်ခဲ့သမျှ ဝမ်းနည်းကြေကွဲခြင်းတွေကို
မေ့လျော့မလား ဒါမှမဟုတ် မှတ်ဉာဏ်ထဲသိမ်းထားမလား ဒါပဲ သင့်မှာရွေးချယ်ခွင့်ရှိခဲ့တာ
လူတိုင်းမှာ လုပ်နိုင်စွမ်း၊ အရည်အချင်းစွမ်းရည်တွေရှိကြတယ်
ဒါပေမယ့် အဲဒီလုပ်နိုင်စွမ်းကို
"အကျင့်"ကဖုံးပစ်လိုက်တယ်
"အချိန်"က ဝေဝါးအောင်လုပ်ပစ်လိုက်တယ်
"ပျင်းရိထိုင်းမှိုင်းခြင်း"က ဖျက်ဆီးပစ်လိုက်တယ်...
စောင့်မျှော်တာကလည်း နာကျင်မှုတစ်မျိုးပဲ
မေ့ပစ်တာကလည်း နာကျင်မှုတစ်မျိုးပဲ
ဒါပေမယ့် ဆက်စောင့်ရမလား၊ မေ့ပစ်ရမလား.. ဘာလုပ်ရမလဲဆိုတာကို မသိတာက
လူကို ပိုနာကျင်စေတဲ့ နာကျင်မှုပဲဖြစ်တယ်
ဘဝက အမြဲတမ်း အခက်အခဲနဲ့ ဆင်းရဲဒုက္ခကြားမှာ ရှိနေမှာမဟုတ်ဘူး
ရာသီဥတုတွေကို ငါတို့ဖြတ်သန်းသလိုပေါ့
အုံမှိုင်းတဲ့ဆောင်းရာသီ ကျော်လွန်ပြီးရင်တော့ လှပတဲ့နွေရာသီက ရောက်လာဦးမှာပဲလေ. . .
အင်အားကိုအစွမ်းကုန်လောင်ကျွမ်းပြီး ကိုယ့်ကိုယ်ကို တစ်ခါလောက်တော့ တောက်ပကြည့်လိုက်စမ်းပါ . .     
အနာတရတိုင်း ကုသလို့ရချင်မှရမယ်
ထိခိုက်နာကျင်မှုတိုင်း နောက်တစ်ကြိမ် ထရပ်နိုင်ချင်မှ ထရပ်နိုင်မယ်
ဒါပေမယ့် "ထရပ်ရဲတဲ့သတ္တိ"မရှိခဲ့ရင်
ကိုယ့်ရဲ့ကြည်လင်တဲ့ကောင်းကင်ကို နောက်တစ်ဖန်တွေ့ရဖို့ မမျှော်လင့်နဲ့ . . .
"မက်ဒေါ်နယ်" မရှိခဲ့ရင် "KFC"ရဲ့ ဟမ်ဘာဂါလည်း ဒီလောက်စားကောင်းလိမ့်မယ် မထင်ဘူး
ကိုကာကိုလာမရှိခဲ့ရင် ပက်စီလည်း ဒီလောက်ကြီးထွားဖြစ်ထွန်းမှာမဟုတ်ဘူး
ခြင်္သေ့သာမရှိခဲ့ရင် သမင်တွေ ဘယ်တော့မှ အပြေးမြန်လိမ့်မှာမဟုတ်ဘူး
လူတစ်ယောက် မပြတ်ရှင်သန်ကြီးပြင်းဖို့၊ အောင်မြင်ဖို့ အားပေးအားမြောက်ပြုတဲ့အရာတွေက လက်ခုပ်သံလည်းမဟုတ်သလို ပန်းစည်းတွေလည်းမဟုတ်ဘူး။ ရှင်သန်ကြီးပြင်းစေတဲ့အရာတွေက လူကိုအသက်ရှုမချောင်စေတဲ့ တိုက်ခိုက်ထိုးနှက်ချက်နဲ့ ဆင်းရဲဒုက္ခ အခက်အခဲတွေသာဖြစ်တယ်။ ပြီးတော့ သင့်ကိုအလဲဖြိုချင်တဲ့ ပြိုင်ဖက်တွေပဲဖြစ်ပါတယ်။
99sanay 
ကမ္ဘာ့လူဦးရေအား ချုံ့ကြည့်ခြင်း
ကမ္ဘာ့လူဦးရေအား ချုံ့ကြည့်ခြင်း
_______________________
အမေရိကန် Stanford Universityရဲ့ ဆေးဝါးသုတေသနဌာနက မစ္စတာ Phillip Marterဟာ လွန်ခဲ့တဲ့နှစ်တွေမှာ ဖိုရမ်တစ်ခုမှာပို့စ်တစ်ခု တင်ခဲ့ပါတယ်။ ပို့စ်ရဲ့အကြောင်းရင်းက ကမ္ဘာပေါ်ရှိသမျှလူဦးရေကို (၁ဝဝ)ယောက်လို့သတ်မှတ်ပြီး အဲဒီအရေအတွက်နဲ့ လူတွေကို အချိုးချကြည့်တာပဲဖြစ်တယ်။
ကမ္ဘာပေါ်ရှိသမျှ လူဦးရေကို (၁ဝဝ)ယောက်လို့ သတ်မှတ်ပြီး အချိုးချကြည့်တဲ့အခါ
၁) အာရှလူမျိုး ၅၇ ယောက်၊ ဥရောပလူမျိုး ၂၁ ယောက်၊ အမေရိကားလူမျိုး ၁၄ ယောက်၊ အာဖရိကလူမျိုး ၈ယေ
ာက်
၂) ယောကျာ်းလေး ၅၂ ယောက်၊ မိန်းကလေး ၄၈ ယောက်
၃) လူဖြူအယောက် ၃ဝ၊ တစ်ခြားအရောင် ၇ဝယောက်
၎) ခရစ်ယာန်ကိုးကွယ်သူ ၃ဝ ယောက်၊ အခြားဘာသာကိုးကွယ်သူ ၇ဝ ယောက်
၅) လိင်ကွဲချစ်ကြိုက်သူ ၈၉ ယောက်၊ လိင်တူချစ်ကြိုက်သူ ၁၁ ယောက်
၆) ၅၉% ရှိတဲ့ ပစ္စည်းဥစ္စာပိုင်ဆိုင်သူ ၆ယောက်၊ အဲဒီ ၆ယောက်လုံးက အမေရိကားသားတွေဖြစ်တယ်။
၇) ထင်သလိုဖြစ်မလာတဲ့ အိမ်ထောင်ရေး အယောက် ၈ဝ
၈) စာမတတ်သူ ၇ဝ ယောက်
၉) အာဟာရမပြည့်ဝသူ ၅ဝယောက်
၁ဝ) သေခါနီးဆဲဆဲ ၁ယောက်၊ မွေးဖွားနီးဆဲဆဲ ၁ ယောက်
၁၁) ဘွဲ့ရသူ ၁ယောက်
၁၂) ကွန်ပြူတာပိုင်ဆိုင်သူ ၁ယောက်
ချုံ့လိုက်တဲ့ လူဦးရေရူထောင့်ကနေ ကမ္ဘာကြီးကိုကြည့်မယ်ဆိုရင် ဒီကမ္ဘာကြီးမှာ နားလည်လက်ခံခြင်း၊ ခွင့်လွှတ်ခြင်းနဲ့ သင်ကြားမှုတွေလိုကြောင်းကို ကျွန်တော်တို့ ရှင်းရှင်းလင်းလင်းတွေ့မြင်နိုင်ပါတယ်။ ပိုပြီး ရှင်းလင်းစွာတွေ့နိုင်တာက....
အကယ်၍ သင်ဟာ မနက်စောစောမှာ ကျန်းကျန်းမာမာနဲ့ ထလာနိုင်သေးတယ်ဆိုရင် သင့်အစားဝမ်းသာပါတယ်။ လူဦးရေ (၁)သန်းဟာ တစ်ပတ်တောင် အသက်မရှင်နိုင်ခဲ့လို့ပါပဲ။
အကယ်၍ သင်ဟာ စစ်ပွဲအန္တရာယ်တွေ မကြုံဖူးသေးဘူး၊ ထောင်ရဲ့ အထီးကျန်တဲ့အရသာ၊ နိုင်လိုညှင်းဆဲတဲ့နာကျင်မှု၊ ဆာလောင်မှုတွေကို မခံစားခဲ့ဖူးဘူးဆိုရင် သင့်အစားဝမ်းသာပါတယ်။ လူဦးရေ သန်း(၅ဝဝ)ထက် သင်ဟာ ကံကောင်းသူဖြစ်နေခဲ့လို့ပါပဲ။
အကယ်၍ သင်ဟာ ဘာသာရေးပွဲတော်တွေမှာ နှောင့်ယှက်ခံရဖို့ စိတ်မပူခဲ့ဘူး၊ အဖမ်းအဆီး မထိခဲ့ဖူးဘူး၊ မသေခဲ့ဘူးဆိုရင် သင့်အစားဝမ်းသာပါတယ်။ လူဦးရေ သန်း(၃ဝဝဝ)ထက် သင်ဟာ လွတ်လပ်ခွင့်ရနေလို့ပါပဲ။
အကယ်၍ သင့်ရေခဲသေတ္တာထဲမှာ စားစရာတွေရှိတယ်၊ ဝတ်ဖို့အဝတ်အစားတွေ ရှိတယ်၊ နေစရာ အိမ်ရှိတယ်ဆိုရင် သင့်အစား ဝမ်းသာပါတယ်။ သင်ဟာ ကမ္ဘာပေါ်ရှိလူဦးရေ ၇၅%ထက် ချမ်းသာနေလို့ပါပဲ။
အကယ်၍ သင့်မှာ ငွေစုစာအုပ်ရှိတယ်၊ အိတ်ထဲမှာ ပိုက်ဆံရှိတယ်၊ အကြွေတွေရှိတယ်ဆိုရင် သင့်အစားဝမ်းသာပါတယ်။ သင်ဟာ ကမ္ဘာ့လူဦးရေ ၈% ထဲ လူချမ်းသာစာရင်းဝင်နေလို့ပါပဲ။
အကယ်၍ သင့်မိဘတွေ သက်ရှိထင်ရှားရှိသေးတယ်၊ သင်ဟာ မိဘစုံလင်နဲ့ နေထိုင်သူဖြစ်တယ်ဆိုရင် သင်ဟာ ကံကောင်းသူပါ။
အခုဒီစာကို သင်ဖတ်နေတယ်ဆိုရင် သူဟာ ကံကောင်းသူနှစ်ထပ်ကွမ်းဖြစ်ပါတယ်။ လူဦးရေ သန်း(၂ဝဝဝ)ဟာ စာမဖတ်တတ်လို့ပါပဲ။
အလုပ်အတွက် စိုးရိမ်ကြောင့်ကြမနေပါနဲ့။ အစစအရာရာမပြည့်စုံဘူးဆိုပြီး ပူပင်သောကဖြစ်မနေပါနဲ့။ ထိခိုက်နာကျင်ခဲ့ဖူးပါစေ... လူတွေကို အကြင်နာဖြန့်ပါ။ စိတ်ကို ပျော်ရွှင်အောင်ထားပါ။ ဘယ်သူဘာပြောပြော ငြိမ်းချမ်းတဲ့သံစဉ်ကိုဟစ်အော်ပြီး လူ့ဘုံမှာ ပျော်ပျော်ရွှင်ရွှင်နေလိုက်ကြပါ။
နိုင်းနိုင်းစနေ (Sunday, June 22, 2008)
အသဲကွဲ ဒဿန
အသဲကွဲ ဒဿန
____________
ဂရိဒဿနိကဗေဒပညာရှင် ဆိုကရေးတီးသည် မစားမသောက်ဘဲ မှိုင်တွေငေးမောနေသော လူငယ်တစ်ဦးကိုမြင်သော် အဘယ်ကြောင့် ဤသို့ ခံစားနေရသနည်းဟုမေးလေ၏။
လူငယ်.....ကျွန်တော် အသဲကွဲနေပါတယ်။
ဆိုကရေးတီး....အော် ဒါကဖြစ်တတ်ပါတယ်။ အသဲကွဲလို့ နာကျင်တာမခံစားရဘူးဆိုရင် ချစ်ခဲ့တာအရသာမရှိသလိုဘဲ။ ဒါပေမယ့် လူလေးက ဘာဖြစ်လို့ ဒီအသဲကွဲတဲ့ဝေဒနာကို ချစ်တာထက် ပိုနစ်ပြီးခံစားနေရသလဲ...?
လူငယ်....လက်ထဲရောက်လာတဲ့ စပျစ်သီးကိုပစ်လိုက်ရတယ်။ ဒီလိုခံစားရတဲ့ ဆုံးရှုံးမှုဝေဒနာကို လူငယ်မဟုတ်တဲ့ ခင်ဗျားက ဘယ်နားလည်နိုင်မလဲ...!
တီး....ပစ်လိုက်ရပြီဆိုလဲ ပစ်လိုက်ရပြီပေါ့။ ဘာဖြစ်လို့ ရှေ့ဆက်မလျောက်တာလဲ? ဒီထက်ပိုချိုတဲ့စပျစ်သီးတွေ အများကြီးပါ။
လူငယ်...ကျွန်တော် စောင့်မျှော်နေတာ။ သူလည်ပြန်လှည့်လာမယ့်နေ့ကို ကျွန်တော် စောင့်နေတာပါ။
တီး....တကယ်လို့ ဒီလိုနေ့မျိုး လုံးဝရောက်မလာခဲ့ဘူးဆိုရင် တခြားတစ်ယောက်လက်ထဲ သူပါသွားတာကိုပဲ လူလေးကြည့်နေရလိမ့်မယ်။
လူငယ်....ကျွန်တော့်ကိုယ်ကျွန်တော် အဆုံးစီရင်ပြီး သူ့ကိုချစ်တဲ့အကြောင်း သက်သေပြမှာပေါ့။
တီး.....ဒီလိုသာ သက်သေပြမယ်ဆိုရင် ကိုယ့်ချစ်တဲ့သူကိုလဲ ဆုံးရှုံးမယ်။ ကိုယ့်ကိုယ်ကိုလည်း ဆုံးရှုံးမယ်။ နှစ်ဦးနှစ်ဖက်ရဲ့ ဆုံးရှုံးခြင်းကို လူလေးခံစားရလိမ့်မယ်။
လူငယ်....ဒါဆို သူ့ဘဝပျက်အောင်လုပ်မယ်။ ကျွန်တော်မရတာကို သူတစ်ပါးလည်း မရစေချင်ဘူး။
တီး......ဒီလိုလုပ်ရပ်က သူနဲ့ပိုဝေးစေမယ်။ လူလေးက သူနဲ့နီးချင်တာ မဟုတ်လား။
လူငယ်....ဒါဆို ကျွန်တော် ဘာလုပ်ရမလဲ။ ကျွန်တော် သူ့ကိုအရမ်းချစ်တယ်။
တီး.....တကယ် အရမ်းချစ်လား....?
လူငယ်....တကယ်။
တီး......ကိုယ့်ချစ်တဲ့သူကို ပျော်ရွှင်စေချင်တယ် မဟုတ်လား....?
လူငယ်.....ဒါပေါ့ ကိုယ့်ချစ်တဲ့သူကို ပျော်ရွှင်စေချင်တာပေါ့။
တီး.......တကယ်လို့ လူလေးကိုခွဲသွားတာက သူ့အတွက်ပျော်ရွှင်ခြင်းလို့ သူထင်ခဲ့ရင်ကော...
လူငယ်.....မဖြစ်နိုင်တာ ကျွန်တော်နဲ့နေမှ သူပျော်ရွှင်တယ်လို့ အရင်က သူပြောခဲ့ဖူးတယ်။
တီး.....အဲတာက အရင်က ပြီးခဲ့ပြီလေ။ ခုတော့ သူက ဒီလိုမထင်တော့ဘူးလေ။
လူငယ်....သဘောက ကျွန်တော့်ကို သူလိမ်ခဲ့တာပေါ့။
တီး.....ဒီသဘော မဟုတ်ဘူး။ လူလေးအပေါ် သူသစ္စာရှိခဲ့တယ်။ ချစ်တုန်းက လူလေးနဲ့ သူအတူနေခဲ့တယ်။ အခုမချစ်တော့ ခွဲသွားတယ်။ ဒီလောကမှာ ဒီထက်မြတ်တဲ့ သစ္စာမရှိတော့ဘူး။ မချစ်တော့ဘဲနဲ့ ချစ်ချင်ဟန်ဆောင်ပြီး လူလေးနဲ့သူအတူရှိနေမယ်၊ မင်္ဂလာဆောင်မယ်၊ သားသမီးတွေမွေးမယ်... ဒါကမှ တကယ့်လိမ်ညာတယ်လို့ခေါ်တယ်။
လူငယ်....သူ့ကို နစ်နစ်ကာကာချစ်ခဲ့တဲ့ ကျွန်တော့်ရဲ့အချစ်တွေ အလဟဿ ဖြစ်ကုန်ပြီပေါ့။ ဘယ်သူ အလျော်ပေးနိုင်မလဲ...?
တီး.....မဟုတ်ဘူး... လူလေးရဲ့အချစ်တွေ အလဟဿမဖြစ်ခဲ့ပါဘူး။ အလျော်ဆိုတာ အချစ်မှာမရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ လူလေးရဲ့ အချစ်တွေ သူ့ကိုပေးဆပ်နေတဲ့အချိန်မှာ သူကလဲ သူ့အချစ်ကို လူလေးအတွက် ပေးဆပ်နေတယ်။ သူ့ကို ပျော်ရွှင်စေခဲ့သလို လူလေးကိုလဲ သူကပျော်ရွှင်စေခဲ့တယ်။
လူငယ်....ဒါပေမယ့်...အခု ကျွန်တော့်ကို သူကမချစ်တော့ဘူး။ ကျွန်တော်က သူ့ကိုချစ်နေသေးတယ်။ ဒါဟာ မတရားဘူး။
တီး.....ဟုတ်တယ် မတရားဘူး။ ဆိုလိုချင်တာက လူလေးချစ်တဲ့ သူအတွက် မတရားဘူး။ သူ့ကိုချစ်တာဟာ လူလေးရဲ့အခွင့်အရေး။ ဒါပေမယ့် သူပြန်ချစ်တာ မချစ်တာက သူ့အခွင့်အရေး၊ ကိုယ့်အခွင့်အရေးကိုပဲမျှော်ကိုးပြီး သူတစ်ပါးရဲ့ လွတ်လပ်တဲ့အခွင့်အရေးကို ကိုယ်က တားဆီးပိတ်ပင်မယ်။ ဒါမှ မတရားတာ။ ဘယ်လောက် ကိုယ်ချင်းစာစိတ် မရှိလိုက်သလဲ...!
လူငယ်....ခင်ဗျားပြောပုံနည်းအရဆိုရင် နောက်ဆုံးတော့ အရာအားလုံးဟာ ကျွန်တော့်အမှားတွေပေါ့။
တီး....ဟုတ်တယ်...စတာနဲ့ လူလေးမှားခဲ့ပြီ။ တကယ်လို့ ကိုယ်ကသူ့ကို ပျော်ရွှင်ခြင်းတွေပေးနိုင်ခဲ့ရင် ကိုယ့်ကို သူခွဲသွားမှာမဟုတ်ဘူး။ ပျော်ရွှင်ခြင်းနဲ့ ကင်းကွာချင်တဲ့လူ မရှိဘူး...ဒါကိုတော့ မှတ်ထားပါ။
လူငယ်....ပျော်ရွှင်ခြင်းဆိုတာ ဘာလဲ....? ကျွန်တော့်အသဲနှလုံး အချစ်တွေ အားလုံးပုံပေးလိုက်တာတောင် သူက မလုံလောက်လို့လား..? သူဘာကြောင့် ကျွန်တော့်ကို ခွဲသွားရသလဲ....? ဒါဟာ ရက်စက်တယ်လို့ မထင်ဘူးလား...?
တီး.....ရက်စက်တယ်။ ဒီလို ရက်စက်တဲ့လူတစ်ယောက်ရဲ့ စက်ကွင်းကလွတ်သွားတာကိုပဲ ပျော်ရွှင်ရမယ်မဟုတ်လား...? လူလေး
လူငယ်....ပျော်ရမယ်...? မဖြစ်နိုင်တာ.....ဘာပဲပြောပြော ကျွန်တော်ဟာ အစွန့်ပစ်ခံရသူ၊ ကိုယ့်ကိုယ်ကို ညံ့တယ်လို့ ခံစားမိတယ်ဗျာ။
တီး.....မဖြစ်နိုင်တာ...လူငယ်တွေရဲ့စိတ်မှာ ကြီးမြတ်တာပဲရှိသင့်တယ်။ ညံ့တယ်ဆိုတာ မရှိသင့်ဘူး။ မှတ်ထားရမှာက စွန့်ပစ်ခံရတိုင်း မကောင်းလို့ မဟုတ်ဘူး။
လူငယ်....ဒါ ဘာအဓိပ္ပာယ်လဲ....?
တီး.....တစ်ခါက ဆိုင်တစ်ဆိုင်မှာ တန်ဖိုးကြီးတဲ့ ၀တ်စုံတစ်စုံကို ကျွန်တော်တွေ့ခဲ့တယ်။ လိုချင်တာလဲ အရမ်းပဲ။ ရောင်းတဲ့လူက ကျွန်တော့်ကို ယူမလား မယူဘူးလားတဲ့။ ကျွန်တော် ဘာပြန်ပြောလိုက်သလဲ သိလား...? အဝတ်စကညံ့လွန်းတယ် မယူဘူးလို့။ တကယ်တော့ ကျွန်တော့် အိတ်ကပ်ထဲမှာ ပိုက်ဆံမရှိလို့။ လူလေးက အဲဒီ အစွန့်ခံဝတ်စုံလိုပါပဲ။
လူငယ်....ခင်ဗျား တော်တော်နှစ်သိမ့်တတ်တာပဲ။ ဒါပေမယ့် နှမြောဖို့ကောင်းတာက ဒီအသဲကွဲတဲ့ဝေဒနာထဲကနေ ကျွန်တော်ကို ခင်ဗျား ဆွဲမထုတ်နိုင်ခဲ့ဘူး။
တီး....ဟုတ်ပါတယ်။ ဆွဲထုတ်နိုင်တဲ့အစွမ်း မရှိခဲ့လို့ ကျွန်တော်ဝမ်းနည်းပါတယ်။ ဒါပေမယ့် အစွမ်းရှိတဲ့ လူတစ်ဦးနဲ့ မိတ်ဆက်ပေးပါရစေ။
လူငယ်.... ဘယ်သူလဲ....?
တီး.....အချိန်တဲ့။ အချိန်ဆိုတာ လူတွေရဲ့အကြီးမားဆုံးသော လမ်းညွှန်ဆရာပဲ။ အသဲကွဲဝေဒနာကို အလူးအလှိမ့် ခံစားနေရတဲ့ လူတွေကို ကျွန်တော်မြင်ဖူးတယ်။ အချိန်က သူတို့ခံစားရတာတွေကို ကုစားပေးလိုက်တယ်။ နောက်ပြီး လူတွေကို အသစ်တစ်ဖန် ရွေးချယ်စေခဲ့တယ်။ လူတွေက ကိုယ်နဲ့ထိုက်တန်တဲ့ ရွေးချယ်မှုတွေမှာ ပျော်ရွှင်ခြင်းတွေကို ခံစားခဲ့ရတယ်။
လူငယ်.....ဒီလိုဖြစ်လာမယ့်နေ့ကို ကျွန်တော်မျှော်လင့်ပါတယ်။ ကျွန်တော်ဘယ်ကနေ ခြေလှမ်းစလှမ်းရမလဲ...?
တီး....ကိုယ့်ကိုစွန့်ပစ်ခဲ့တဲ့လူကို အရင်ဆုံးကျေးဇူးတင်ပါ။ တောင်းဆုပြုပါ။
လူငယ်....ဘာဖြစ်လို့လဲ....?
တီး.... သူက ကိုယ့်ကို သစ္စာတွေပေးခဲ့လို့ပဲ။ ကိုယ့်ကို အသစ်တစ်ဖန် ရွေးချယ်နိုင်တဲ့ အခွင့်အရေးကို သူကပေးခဲ့လို့ပါပဲ။
If you love someone, let it be and set him/her free, if he/she comes back to you, it's meant to be.
တရုတ်သတင်းစာ တစ်စောင်မှာ ဖတ်မိတာလေးကို ဘာသာပြန်ထားပါတယ်။
နိုင်းနိုင်းစနေ(Sunday, April 01, 2007)
Monday, August 27, 2012
အတ္တများအကြောင်း
အမှန်တရားတွေသာပေးဆပ်ချင်ပါသည်
စွန့်လွှတ်ခြင်းဖြင့်ပျော်မွေ့တက်သူတစ်ယောက်ဖြစ်ချင်ခဲ့သူ
အရောင်ပျယ်လွင့်သွားတဲ့အိမ်မက်
ဦးတည်ရာမဲ့သွားတဲ့ခြေတစ်စုံ
ဇာတ်လမ်းတစ်ပုဒ်လုံး အသည်းကွဲခမ်းကြီးပဲ.....
အမုန်းစာရင်းမှာထိပ်ဆုံးမှာထည့်ထားခဲ့
ငါ့နာမည်ကိုမကြားချင်ဆုံးကောင်မလေးတစ်ယောက်
ခဏလေးပါပဲ ဒဏ်ရာတွေတစ်သက်စာပါသွားတယ်
မျှော်လင့်ခြင်းဆိုတာဒဏ်ရာတစ်မျိုးမှန်းငါသိ့ခဲ့ရ.... ..
ဘ၀က ရေခဲပြင်မှာစကိတ်စီးရသလို
ချော်ကျိကျိနဲ့ အာရုံတွေထဲမှာသူ့အပြုံူးတွေ
ပျံဝဲသွားလိုက်တာ (နောက်ဆုံးတော့ ဆုံတွေ့ခွင့်ဆိုတာ နည်းပါးမှန်းနားလည်ခဲ့ပါပြီ)
အနိုင်နဲ့အရူံးဒွံတွဲထားတဲ့လောကကြီးမှာ
မင်းဘာကြောင့် ဥပက္ခာမပြုနိုင်တာလဲ
မင်းဘာကြောင့်ကြောက်ရွံ့နေသေးတာလဲ
ကောင်မလေးရေ အမြင့်ကြောက်ရင်တော့မတက်နဲ့
အိမ်မက်ဆိုးတွေကြောက်ရင်လဲမအိပ်နဲ့
လောကမှာတို့အပိုင်ရတာတစ်ခု့မှမရှိပါဘူး
သိပ်ချစ်ပါတယ်ဆိုတဲ့စကားတွေလေထဲမှာတင် ပျံဝဲပျောက်ကွယ်
နောက်ဆုံးတော့ ငါကိုယ်တိုင်တောင်နားလည်မူလွဲခဲ့.. .. ..
ချစ်ခဲ့တာလား ပိုင်ဆိုင်ချင်ခဲ့တာလား နားမလည်ဘူး
ဆုံးရူံးမူ့အတွက်တော့ကြိုတင်ပြင်ဆင်ထားပြီးသားပါ
မုန်းတယ်ဆိုတဲ့စကား နှစ်ပေါင်းများစွာငါ့အပေါ်ဆူးနစ်
နောက်ဆုံးအချိန်ထိ့ တော့ငါ့ကိုကြိုးစားခွင့်ပေးပါ.. . ..
Tuesday, August 21, 2012
အချစ်ကို ကိုးကွယ်ဖူးတဲ့ကောင်
အချစ်ကို ကိုးကွယ်ဖူးတဲ့ကောင်
ထူးပြီးတော့လည်း
လွမ်းမနေချင်တော့ပါဘူး
လူ..ဆိုတာကိုက
ခဏတဖြုတ် " ဧည့်သည် " တွေပဲလေ...
ထူးပြီးတော့လည်း
ချစ်မနေချင်တော့ပါဘူး
အချစ်ဆိုတာကိုက...
ဟိုမှာတွေ့ရ...ဒီမှာတွေ့ရနဲ့
အရမ်းကို ပေါများလွန်းနေခဲ့တယ်...
ထူးပြီးတော့လည်း
သတိရမနေတော့ပါဘူး
ငါ...သတိရတိုင်းသာ..
မင်းလွမ်းတတ်မယ်ဆိုရင်
အလွမ်းတွေသွန်းလောင်းတဲ့ပင်လယ်ပြင်ထဲ
မင်း..ပျောက်ကွယ်နေလောက်ရောပေါ့....
ထူးပြီးတော့လည်း
တွယ်တာမနေချင်တော့ပါဘူး
ခပ်ဆိတ်ဆိတ်..ခပ်တိတ်တိတ်
ငါ့အရိပ်...ငါနင်းပြီး
နှလုံးသားမှာ ဗျည်းအက္ခရာတင်ထားခဲ့မယ်..
" ငါဆိုတာ...အချစ်ကို ကိုးကွယ်ခဲ့ဖူးတဲ့ကောင် "
မနက်ခင်းရဲ့သိုးဆောင်းပုံပြင်
မနက်ခင်းရဲ့သိုးဆောင်းပုံပြင်
ဒီ “ မိုး ” တဲ့လားကွယ်
လင်းလက်လှချည်ရဲ့
တခါတခါတိမ်တိုက်လို
တခါတခါကောင်းကင်လို
“ ကြယ် ” တွေကိုဖန်ဆင်းလို့....။
ဟိုး....အဝေးမှာ
ပန်းသီးတစ်ခြမ်းနဲ့ ရစ်သမ်အသစ်
ဘယ်နက္ခတ်တွေကဗျား
ငါ့....ကို
မရဏဖွား ဖြစ်စေခဲ့သလဲကွယ်.....။
သိုးဆောင်းတို့ရဲ့သမိုင်းမှာ
ငါဟာ.....ရာဇ၀င်ခရီးသည်လည်းဖြစ်ရဲ့
လမ်းသစ်တွေလည်း ဖောက်လို့
ကိုယ့်စိုက်ခင်းကိုယ် ပျိုးခဲ့ဖူးတယ်.....။
တိမ်တွေကပဲ လကိုဖုံးအုပ်ခဲ့သလား ?
လကပဲ တိမ်တွေထဲ ပြေးပုန်းခဲ့လေသလား ?
သေချာတာကတော့.....
ဘ၀က “ ခါး ” ခဲ့တာကြာပြီ ......။
အို....အနောက်တောင်မုတ်သုန်မိုးတို့
ငါ့ကိုနှိုးလော့.....
ဒီမနက်ခင်းမှာပဲ (တိတ်တိတ်ဆိတ်ဆိတ်)
ဂစ်တာတစ်လက်...ကော်ဖီတစ်ခွက်နဲ့
“ ကြယ် ” တွေကိုဖန်ဆင်းပစ်မယ်ကွယ်....။
သစ်စိမ်းချိုး
သစ်စိမ်းချိုး
အရာရာကို တွယ်ငြိပြီးကာမှ...
မိုးရာသီဟာ...အုံ့အုံ့မှိုင်းမှိုင်းနဲ့
လှောင်ပြုံးပြုံးတယ်....
နောက်ကျိနေတဲ့...သမိုင်းစာမျက်နှာမှာ
မှင်နီခပ်ရဲရဲနဲ့...
သူမ ရိုက်နှိပ်ခဲ့တဲ့ ကြက်ခြေခတ်တွေ..
ရုတ်တရက်နဲ့...ပြိုပျက်ခဲ့တဲ့ကောင်းကင်
ဟိုးအဝေးကြီးက နေခြည်ဟာ...
ဝေေ၀၀ါးဝါးနဲ့ ....ပျောက်ကွယ်ခဲ့
နင်သင်ပေးခဲ့တဲ့အချစ်ရယ်...
ငါရရှိခဲ့တဲ့ အမှန်တရားရယ်...
ပြောင်းပြန်အချိုးကျခဲ့တဲ့ သီအိုရီ...
မနာကျည်းရက်ခဲ့ဘူး..
ဒီလိုချစ်တတ်ခဲ့သူမှာမှ..
ဘာကြောင့်များ....
ဘာရယ်ကြောင့်များ...
“ သစ်စိမ်းချိုး ” ချိုးခဲ့ရသလဲ
မျှော်လင့်ခဲ့တဲ့ နေခြည်ဟာ...
ကန်ရေပြင်ထဲက ၀ိုးတ၀ါးအရိပ်လား....
ဓါးထက်ထက်အလား
ချွန်မြစူးရှတဲ့
ငါ့အတွက်...ကျိန်စာ
မယုံနိုင်ခဲ့ဘူးကွယ်..
မသိလိုက်မသိဘာသာနဲ့ပဲ
ငါ့ကိုယ်ငါ သင်္ဂြိုလ်မယ်..
နင်....ကျေ နပ် ပါ စေ ကွ ယ် . . . .
မျှော်လင့်ခြင်းကောင်းကင်
မျှော်လင့်ခြင်းကောင်းကင်
နက်ရှိုင်းစူးရှတဲ့
နှလုံးသားက စကားတချို့ကို....
နင့်အတွက်...ငါ...
ကဗျာအဖြစ်...အသက်သွင်းခဲ့မယ်..
မချစ်ဖူးသေးသူတစ်ယောက်အတွက်
အချစ်ဆိုတာဟာ......
နေရာတကာ....ခမ်းနားဆန်းကြယ်လို့
ရင်ကို ဆွဲကိုင်လှုပ်တယ်.....
ငါရေးစပ်ခဲ့တဲ့.....စာသားတိုင်းမှာ
ဘ၀နဲ့အချစ်ကို
ထပ်တူအချိုးချလို့...
မ၀ံ့မရဲပါပဲ . . . .
“ ငါနင့်ကို သိပ်ချစ်ခဲ့တယ် ”
အဓိပ္ပါယ်မဲ့ခဲ့တဲ့
ဆေးစက်ချရာ အရုပ်ထင်ခဲ့တဲ့ဘ၀မှာ...
ကိုယ် ကိုယ်တိုင်ဟာ....
ရုပ်သေးရုပ် တစ်ရုပ်တဲ့လား....
ငါ....ငေးမောကြည့်တော့
ကောင်းကင်ပြာပြာမှာ...
နင့်ပုံရိပ်တွေနဲ့ ငါ့အလွမ်းတွေ
သိပ်သည်းအုံ့မှိုင်းလို့ ...
“ ငါ...နင့်ကိုသိပ်ချစ်ခဲ့တယ် ”
သာမန်စကားတစ်ခွန်းပေမယ့်
နှလုံးသွေးနဲ့ ယက်လုပ်ခဲ့တဲ့...
ခပ်အက်အက် အလွမ်းတွေမှာ...
နင့်ရဲ့ အသံ...နင့်ရဲ့ဟန်..
အပြန်ပြန် အလှန်လှန်နဲ့...
ကျော်ဖြတ်ခဲ့ရတဲ့ အိပ်ပျက်ညတွေ...
မိုးသောက်တဲ့နှင်းစက်တို့...
စွတ်စိုလှဲ့ပါ ....
ဒီခြောက်သွေ့ရင်ခွင်တစ်စုံမှာ...
သူမအတွက်...
ဖြူစွတ်နူးညံ့တဲ့ချစ်ခြင်းတွေ...
ကျွန်တော်ရေးစပ်ခဲ့တဲ့ကဗျာတွေ...
သူမရင်ခွင့်သို့ .... ဆောင်ကြဉ်းလှဲ့ပါ ...
Saturday, August 18, 2012
ခရေတွေသီနေရင်း
အသံတွေ သဲ့သဲ့
မသွားပါနဲ့တဲ့
ခြေလှမ်းတွေက ယဲ့ယဲ့
မလှမ်းလဲ ဆွဲခေါ်မယ့် လက်…. ။ ။
နှုတ်ဆက်ခွင့် မရမယ့်
ရက်တွေအတွက် …
ဒီညဟာ ငါပိုင်တဲ့
ငါ့ဘ၀ ဖြစ်ခွင့်ပေးပါ……..။ ။
  ရင်ခုန်သံတွေ တိတ်ဆိတ်
စက္ကန့်တိုင်း ကျွန်တော်ပိတ်ထားတဲ့
ရင်တွင်းမြစ်တစင်းမှာ
နောင်တသံတွေ ညံနေတယ်… ။ ။
သူ့ကိုကျောခိုင်း
စိတ်ရိုင်းတွေ ကျိုးကျတဲ့ညမှာ
ခရေတွေ သီတဲ့လက်နှစ်ဖက်က
တွင်းနက်နက်တူးမိတယ်…။ ။
3:42 PM ခရေရနံ့တွေ ပျံ့တဲ့ မနက်က
ကျွန်တော်ဟာ မှောင်အတိပဲ
ပေါ့ပါးသွားတဲ့ ခန္ဓာမှာ
လေးနက်တဲ့အတွေးတစ်ချို့
ထမ်းပိုးခွင့် ရှုံးခဲ့တယ်….။ ။
သူမျော်လင့်တဲ့ တစ်တောလုံးမှာ
ခရေတစ်မျိုးပဲ ပျိုးမယ့်ကျွန်တော်….
သတိမဲ့ ခန္ဓာမှာ
ခရေလှိုင်မယ့် မနက်ကို
တောင့်တတုန်းပဲ… ။ ။
  အတွေးနက်နက်တွေနဲ့
ရေးရခက်တဲ့ကဗျာတွေ
ငါ့ရင်ထဲ အက္ခရာတင်ထားတယ်.... ။ ။
သူမျက်လုံး ၊ အပြုံး
ခြေလှမ်းအနုတ်အသိမ်းကအစ
သူဆံနွယ်လေထဲယိမ်းတာတွေအားလုံး
ငါ့ခေါင်းတစ်ခုလုံးမှာပြည့်နေတယ်…. ။ ။
3:44 PM ငှက်ကလေးတွေ ကောင်ကင်ပျံတက်သွားတဲ့ခဏ
ဝဲကျသွားတဲ့ သူ့ဆံနွယ်ဖျားမှာ
ကျွန်တော့် အိပ်မက်လေးတွေသီထားတယ်…..
စကားတစ်ခု သူနှုတ်ဖျားအတွက် သယ်ဆာင်လာတဲ့ခဏ
ပျံ့လွင့်သွားတဲ့ သူ့ရယ်သံလွင်လွင်ထဲ
ကျွန်တော်မျှော်လင့်ခြင်းတွေ စီးမျောလိုက်တယ်…..
3:45 PM မိန်းမောစရာအတွေးတစ်ခု
ပန်းဆက်သတဲ့
မြူဆိုင်းတဲ့ မနက်တိုင်းမှာရှိတယ်..
  တက်လာတဲ့ ဖဲတစ်ချက်အောက်မှာ
ဘ၀တစ်ခုလုံး ပြားပြားဝပ်သွားတယ်
အမှားမရှိတဲ့ အဖြေတစ်ခုအပြီးမှာ
အဲ့ဒီပုစ္ဆာ အပယ်ခံလိုက်ရတယ်….
အတိတ်ကြားမှာ ပန်းပျိုးနေတဲ့ကောင်
မုန်တိုင်းသတင်းတစ်ခုမှာ သူရူးသွားတယ်….
  နောက်ဆုံး မနက်မှာတောင်
သူအပြုံးမပျက်ဘူး
သူ မရက်စက်ပါဘူး
လှမ်းထားတဲ့ ပန်းတစ်ပွင့်ကို
နမ်းခွင့်မရှိတဲ့နောက်….
တိမ်ညိုတွေ မှိုင်းတဲ့ ညနေမှာ
နောက်ဆုံးရက်မဖြစ်ပါနဲ့လို့ ဆုတောင်းရင်း
သူ့အတွက် ခရေတွေသီခဲ့တယ်…
သူကမ်းတဲ့လက်ထဲ
ခရေကုံးလေးခုန် မဆင်းမီ
ပြို….. လဲ…….
သူကျတဲ့ မျက်ရည်အောက်
အသက်ရှုတောင် မဖြောင့်တော့ဘူး
ပွေ့ဖက်ထားတဲ့သူလက်
ခရေတွေ ထွက်ထွက်ကျလာတယ်
အလှဆုံးပါပဲ…..
ခရေရနံ့အိုး အောက်
ကျွန်တော် မူးမေ့သွားတယ်
ခဏ…. ထာဝရ…
ဝေခွဲလို့မရတဲ့ တဒင်္ဂမှာ
ခရေတွေ ကြွေ……… ကျ……..
3:46 PM သတိရတယ်ဆိုတာ သိပြီ
Wednesday, August 15, 2012
တကယ်တော့
လိမ်ညာမှုတစ်ခုက အပြုံးတစ်ခုဖြစ်စေခဲ့တယ်
အမှန်တရားတစ်ခုက မျက်ရည်တစ်စက်ကျစေခဲ့တယ်
ဒါဆို
ဘယ်အရာက ပိုကောင်းသလဲ ?
တကယ်တော့ ငါတို့က ဝေးကွာခဲ့ကြတာမဟုတ်ပါဘူး
လမ်းဖြောင့်တစ်ခုတည်းကိုပဲ ကျောခိုင်းလျှောက်ခဲ့ကြတာပါ
တကယ်တော့ ငါတို့က ဝေးကွာခဲ့ကြတာမဟုတ်ပါဘူး
ညနေချိန်တွေရဲ့ နေ၀င်ချိန်တွေကသာ စောသွားခဲ့တာပါ
တကယ်တော့ငါတို့က ဝေးကွာခဲ့ကြတာမဟုတ်ပါဘူး
မတူညီတဲ့အိပ်မက်တွေကို အတူမက်ခဲ့ကြတာပါ
တကယ်တော့ ငါတို့က ဝေးကွာခဲ့ကြတာမဟုတ်ပါဘူး
အဖြေမရှိတဲ့ပုစ္ဆာတစ်ပုဒ်ကို အတူထုတ်ခဲ့ကြတာပါ
တကယ်တော့ ငါတို့က ဝေးကွာခဲ့ကြတာမဟုတ်ပါဘူး
သံစဉ်မထွက်တဲ့ ဂစ်တာတစ်လက်ကို အတူကြိုးညှိခဲ့ကြတာပါ
တကယ်တော့ ငါတို့က ဝေးကွာခဲ့ကြတာမဟုတ်ပါဘူး
လူတွေပြောတဲ့အချစ်ဆိုတာကို နားလည်သဘောပေါက်လွဲခဲ့ကြတာပါ
တကယ်တော့ ငါတို့က ဝေးကွာခဲ့ကြတာမဟုတ်ပါဘူး
တစ်ယောက်ကို တစ်ယောက် မိုးတွေစိုးမှာစိုးလို့ အတူမိုးမိခဲ့ကြတာပါ
Monday, August 13, 2012
ဆိုရိုး
ကျွန်တော်မသိတဲ့ သူ့ချစ်ချင်း တွေထဲမှာဘာတွေရှိမလဲမသိဘူး သူကအမြဲ
ပျော်တက်တယ် ကျွန်တော်ကြောင့်သူ့ကိုစိတ်
မညစ်စေချင်ဘူး သူ့ကကျွန်တော်အတွက်တော့နတ်သမီးပါ သူမရှိတဲ့နေ့တွေ
သူမသိတဲ့ညတွေ ဘယ်လိုအင်အားမျိုးတွေနဲ့
ဖြတ်သန်းကမလဲ အဲဒါကအရေးမကြီး ပါဘူးအဓိကက
သူအဆင်ပြေနေရင်ကျွန်တော်ကျေနပ်ပါတယ်. တစ်ခါတစ်လေမှာတော့
ကျွန်တော်ဆိုတာလဲ အတ္တတွေနဲ့တည်ဆောက်ထားတဲ့
လူသားတစ်ယောက်လေသူကိုပိုင်ဆိုင်ချင်စိတ်တော့ရှိတာပေါ့..
ကျွန်တော်ကြောင့်လဲသူကို စိတ်မညစ်စေချင်ဘူးလေ
အဲဒီချစ်တဲ့စိတ်လေးနဲ့ပဲဖြေသိမ့်နေကတာပေါ့..
အချစ်ဆိုတာသူနားမလည်သေးပါဘူး ကျွန်တော်ပေးချင်တဲ့ အချစ်ကလဲ
သူအတွက်ရသပေါင်းစုံပေးနိုင်ပါ့မလား.??
ကျွန်တော်တစ်ခါတစ်ခါ စဉ်းစားကြည့်တယ် လူတွေလက်ခံထားတဲ့အချစ်က
တစ်ခုနဲ့တစ်ခုမတူလောက်ဘူး ဒါပေမဲ့
ကိုယ့်ချစ်တဲ့သူကိုတော့
ကိုယ့်ရဲ့အကောင်းဆုံးတွေပေးချင်ကြမှာပဲပေါ့...သူအတွက်ကမ္ဘာတစ်ခုဖန်ဆင်းပေးချင်တယ်
အဲဒီကမ္ဘာကလဲ အပြစ်ကင်းတဲ့ ကျွန်တော်ချစ်ချင်းတွေနဲ့
ထာဝရစီမ်းလန်းနေစေမှာပါ ကျွန်တော်သူ့အတွက် ဥယျာဉ်
တစ်ခုဖြစ်ချင်တယ်
သူအမြဲစိတ်ထဲမှာကြည်နူးအောင်လို့ပါ..ကျွန်တော်ပေးဆပ်မူတွေက
သူအတွက်လှောင်ရယ်စရာဖြစ်ရင်
လဲကျွန်တော်လက်ခံပါတယ် လူဆိုတာက အသက်ရူပုံချင်းတောင်တူကြတာမှမဟုတ်တာ
သူအလေးထားတက်လာတဲ့
အခါကျွန်တော်ဆိုတာက အဝေးကနေ
ငေးပြီးစိတ်ကူးတွေနဲ့ရူးနေမှာပါ..ကျွန်တော်မမျှော်လင့်ထားပါဘူး
တစ်ခါတစ်ရံမှာ
အချစ်ဆိုတာ ဖြစ်ချင်သလိုဖြစ်တက်တာပဲလေ စိတ်ရဲ့စေစားရာပဲ
သူတစ်ခြားတစ်ယောက်ကိုကြိုက်လဲ ခွင့်လွှတ်ပါတယ်
သူအတွက်အရာရာကိုနားလည်ပေးထားပါတယ်..
ကျွန်တော်ဆိုတဲ့ ကဗျာအတွက်သူကကာရံလေးပါ ကျွန်တော်သူရှိမှ ပြည့်စုံမှာပါ
ဒါပေမဲ့ဘယ်တော့မှတောင်းဆိုမှာမဟုတ်ဘူး
သူမနတ်ခင်းတွေထဲမှာ
ကျွန်တော်အရံလူအဖြစ်နဲ့ပါဝင်ခွင့်ရှိရင်တောင်ကျေနပ်ပါတယ်..သူလက်တွေထဲမှာမရှိတဲ့
မျှော်လင့်
ခြင်းတွေကို အသက်သွင်းပေးချင်တယ် .ဒါတွေကအိမ်မက်တွေဆိုလဲ
ကျွန်တော်ဆက်မက်ချင်တယ် ဆက်မက်ခွင့်လဲ ရချင်တယ်
သူကပြောတယ် ဒဏ်ရာတွေငါမပေးဘူးနော်တဲ့ နင့်ဟာနင့်လုပ်ယူတာတဲ့
အဲဒီဒဏ်ရာကချိုတယ် ဗျကျွန်တော်
မက်မက်မောမောစားသုံးမိနေတယ် သူဆိုတာတစ်ခါတစ်ခါ
ကျွန်တော်အတွက်အဆိပ်တစ်ခွက်ဖြစ်ချင်ဖြစ်နေတာပါ
ကျွန်တော်မက်မောစွာနဲ့ပဲ သောက်သုံးနေမှာပါ..
ဒီလိုနဲ့အဆုံးသတ်ဆိုတာကို ငေးမကြည့်ချင်သေးဘူး
ကျွန်တော်ဆိုတာသူသက်မှတ်ထားတဲ့ လူတစ်ယောက်မဟုတ်ဘူးလေ
ကျွန်တော်ဆိုတာက ရူးသွပ်စွာတမ်းတနေတဲ့လူကိုး..သူအပြုံးတွေထဲမှ
ကျွန်တော်အသက်မဲ့ဘူးတယ် သူကျတဲ့ ကျွန်တော်အတွက်
မဟုတ်တဲ့မျက်ရည်တွေထဲမှာ
ကျွန်တော်သေဆုံးဘူးတယ်..ကျွန်တော်ကိုသူမပေးတဲ့မျှော်လင့်ချင်းတွေကို
မက်မောစွာမျှော်နေမိတယ်
ကျွန်တော်မမှီပေမဲ့ အဲ့ဒီစပျစ်သီးကိုခါးတယ်လို့မပြောပါဘူး...
သူက၀ိုင်လိုချိုချင်ချိုမယ် ဒါပေမဲ့ ခါးမှာတော့မဟုတ်ဘူး သူဆိုတာ
ကျွန်တော်
အကြာကြီးဖတ်ခဲ့ရတဲ့ ပုံပြင်လေးပါ..ကျွန်တော်ဘယ်တော့မှပြီးအောင်ဖတ်နိုင်မလဲမသိဘူး...
သူကပြောဘူးတယ်ငါအချစ်ဆိုတာကိုမသိချင်သေးဘူးတဲ့ မှန်ပါတယ်
နင်မသိသင့်သေးဘူး အဲဒီထဲမှာ နင်နားမလည်တဲ့မာယာတွေပါလာနိုင်တယ်
ကျွန်တော်ပေးခဲ့တဲ့ အချစ်ဆိုတာတော့သူနားလည်မှာမဟုတ်ဘူး
သူလဲမီုးခါးရေသောက်နေတာပဲလေ အများကဒါဆိုဒါပဲပေါ့..
အချိန်ဆိုတာအကောင်းဆုံးသမားတော်တဲ့ ကျွန်တော်မှာတော့လူမိုက်လို့ပြောရမလား
အခုထိ့တော့ရှိနေတယ် လွမ်းနေတယ် ကျွန်တော်အခန်းထဲမှာ
သူပုံမရှိပါဘူး ကျွန်တော်အတွက်သူရေးပေးတဲ့အမှတ်တရမရှိပါဘူး သူ
ပေးခဲ့ဘူးတဲ့အရာဆိုလို့တစ်ခုပဲရှိတယ် အလွမ်းတဲ့ .......
ကျွန်တော်အတွက်အချစ်ကခါးခဲ့သလား မပေးချင်တဲ့အရာကို
အတင်းတောင်းယူပြီးလဲမနေပါဘူး ကျွန်တော်မှာသူအပေါ်ထားတာ
မြတ်နိုးမူ့လေးတစ်ခုထဲပါ
အပြင်မှာနှင်းတွေကျနေပြီ ဟုတ်တယ် သူကနှင်းကိုချစ်တယ်လေ ကျွန်တော်အတွက်
ဒီဇင်ဘာဆိုတာဘာမှမဟုတ်ပါဘူး သူအတွက်တော့ တစ်စုံတစ်ယောက်
ပြန်လာမယ်တဲ့ ဟုတ်မှာပေါ့ ကျွန်တော်ကံက လှံထမ်းပြီး
ကျွန်တော်ဆီရောက်လာတော့မှာပါ..ကျွန်တော်ကျေနပ်ပါတယ်
တစ်ဒင်္ဂလေးသူ့အနားမှာရှိခွင့်ရှိခဲ့ဘူးလို့
ကျွန်တော်လဲ ကျွန်တော်အတွက်သူရဲကောင်းဖြစ်ခဲ့တာပဲလေ
သူကိုချစ်တဲ့စိတ်တွေရင်ထဲမှာထည့်ထားရင်း ချစ်တယ်လို့တိတ်တိတ်လေး
ပြောပြနေမယ်...
အဲဒါဟာကျွန်တော်တို့ရဲ့အဆုံးဆိုလဲ သူပျော်နေမယ်ဆို အဝေးကနေပြီး
ကျွန်တော်တိုးတိုးလေးထပ်ပြောမယ် " သိပ်ချစ်တယ် ချစ်သူရယ် "
အဲဒီအချိန်ရောက်ရင်သူမေ့ရင်လဲမေ့မှာပေါ့.....
ဒီလိုနဲ့ကျွန်တော်မျှော်နေတာသက်တံ့တွေတောင် ဖြောင့်တန်းလာတယ် .............
သူမရှိတော့ပါဘူး သူဒီကမ္ဘာပေါ်ကတစ်နေရာရာမှာကျွန်တော်ဆိုတာကို
လိုက်ပြီးရှာဖွေမယ်လဲမထင်ပါဘူး သူကြိုက်တဲ့ နှင်းဆီတွေတော့
ဒီနေ့မနတ်ပွင့်နေလေရဲ့ ကျွန်တော်မနတ်ခင်းတွေထဲမှာ သူမဖန်ဆင်းပေးခဲ့တဲ့
ပန်းနုရောင်နှင်းဆီကိုအခုထိမက်မောမိပါရဲ့...........
အနီးမှုန်ခြင်း
ကောင်မလေးရေ ..
မင်းစိုက်ပျိုးတဲ့ မိုးရာသီတွေဟာ
ငါ့ရင်ခွင်တောင်ယာလေးမှာ .. စိမ်းလန်းမြဲပေါ့ ။
သန္တာရောင်နံနက်ခင်းတွေတိုင်း
မင်း အပြုံးတော်လေးနား မခစားနိုင်သမျှ
ဒီရင်မှာလေ ..
အနီးမှုန်အလွမ်းတွေပဲထပ်တလဲလဲရိတ်သိမ်းနေရ
ဘယ်လို ဥပေက္ခာ နက္ခတ်နဲ့ကောင် …. ။
သင်္ခါရတရားတော်တွေနဲ့ လွတ်ကင်းရာမှာ
ငါ့ရဲ့ စစ်မရောက်ခင် မြှားကုန်
ချစ်ခြင်းတွေရှိတယ် ….
၎.၆ဘီလီယံ မြေထုအောက်မှာ ငါ့မျှော်လင့်ချက်သေတွေ ရှိတယ် ….. ။
ဆုံတွေ့ခဲ့ခြင်းက..၀ိညာဉ်လုကျိန်စာ
မတွေ့ရတဲ့နေ့တွေက …
ပူပြင်းတဲ့ ညအိပ်ရာ အစုံပေါ့ … ။
ကောင်မလေးရယ်
မင်းကိုယ်တိုင်က မိုးကိုပျိုးရင် ..
ငါ့ရင်ကျိုးအောင် ရွာလှဲ့ပါ့ကွယ် … ။ ။
ကျွန်တော်ဂစ်တာအိုလေး....
ကောင်မလေးရေ…
ငါ့မျက်နှာတွေပေါ်မှာ အချစ်တွေကို ဖော်ပြမထားဘူး
ဒါပေမယ့် ငါ့ရင်ဘတ်ထဲမှာ အချစ်တွေရှိခဲ့တယ်
အဲဒီအချစ်တွေကို
မျက်လုံးနဲ့ကြည့်ရုံနဲ့တော့ နင်မြင်မှာမဟုတ်ဘူး
ခံစားကြည့်လိုက်ပါ နင်မြင်လာလိမ့်မယ်
ကောင်မလေးရေ ….
နင့်အတွက် လောကကြီးမှာနေရာလေးတစ်ခု ဖန်တီးမပေးနိုင်ဘူး
ဒါပေမယ့် ငါ့နှလုံးသားမှာတော့ နန်းတော်ကြီးတစ်ခုရှိတယ်
အဲဒီနန်းတော်ကြီးကို အုပ်ချုပ်ပြီး
နင်က ဘုရင်မလုပ်ပေါ့
ကောင်မလေးရေ …
တကယ်တေ့ ငါကနင့်ရဲ့အချစ်တွေကို မပိုင်ဆိုင်ပါဘူး
ဒါပေမယ့် မျှော်လင့်ခြင်းတွေကို ငါပိုင်ဆိုင်တယ်
ကောင်မလေးရေ…
တကယ်တော့ငါ့ဘ၀က ဂစ်တာအိုလေးပါ
သိပ်ပြီးအသုံးမ၀င်ဘူး
ကောင်မလေးရေ
ဂစ်တာအိုကထွက်လာတဲ့ သံစဉ်တွေကတော့
မျှော်လင့်ခြင်းတွေပေါ့
ကွဲရှရှနဲ့ သိပ်ပြီးမပြီပြင်ဘူး
ကောင်မလေးရေ ….
နင့်အချစ်တွေကို ပိုင်ဆိုင်ခွင့်မရနိုင်တော့တဲ့ဒီဘ၀မှာ
အဲဒီဂစ်တာအိုလေးကိုတီးကြည့်ရင်း ထွက်လာတဲ့မျှော်လင့်ခြင်းတွေကိုခံစားရင်ခုန်ရင်း
ငါဆက်ပြီး အိပ်မက်တွေမက်နေမယ်
မိန်းကလေးရယ် ကျေးဇူးပြုပြီးအဲဒီဂစ်တာလေးကိုမရိုက်ချိုးလိုက်ပါနဲ့နော်
ငါဆက်ပြီး အိပ်မက်တွေမက်ပါရစေ......
ကြယ်တွေကပြောတယ် မင်းမမြင်ပေမယ့်ကောင်းကင်မှာ ငါတို့ရှိနေတယ်တဲ့ ......
စမ်းချောင်းလေးကပြောတယ် တိတ်ဆိတ်နေရင် ရေစီးသံက တေးသွားတပုဒ်ပဲတဲ့ ......
လူတစ်ချို့ပြောတာပေါ့ ကြယ်တွေက တန်ဖိုးရှိတယ် ငါတို့ကို လမ်းပြတယ်တဲ့
လူတစ်ချို့ကပြောတာပေါ့ ကြယ်ဆိုတာ ကောင်းကင်မှ မရေတွက်နိုင်အောင် များနေတာ
ဘာမှ တန်ဖိုးမရှိပါဘူးတဲ့
လူတစ်ချို့ကပြောတာပေါ့ ရေစီးသံကို နားထောင်ရတာ စိတ်ကိုအပမ်းပြေစေတယ်တဲ့
လူတစ်ချို့ကတော့ စမ်းချောင်းထဲက ရေကိုသာ ခပ်သောက်သွားကြတယ် ရေစီးသံကို
မကြားမိလိုက်ကြဘူး
တကယ်တော့ အရာရာ အားလုံးဟာ အသုံးတည့်ရင် တန်ဖိုးရှိပေမယ့်၊
တန်ဖိုးမထားတတ်ရင် အရာရာ အလုံးဟာ အနုတ်စုတ်ဂုတ်စုတ် ပါပဲ
ဒါကြောင့် တစ်ရံတစ်ခါမှာ
တေးသွားတွေ ကဗျာတွေ အချစ်တွေဟာ တန်းဖိုးမထားတတ်သူရဲ့ အရှေ့မှာ
အနုတ်စုတ်ဂုတ်စုတ် ဖြစ်ခဲ့ရဖူးတယ်
တေလေ
ကောင်မလေးရေ...
ငါ့မှာတော့နင့်အတွက်ဧဒင်ဥယျဉ်တစ်ခု့ရှိတယ်...
နင့်မှာတော့ငါ့အတွက်ကမ္ဘာကြီးတစ်ခု့လုံးရှိတယ်....
တိတ်တိတ်လေးပဲ ဒါပေမဲ့လွမ်းတယ်...
ဘာအကြောင်းမှတော့မရှိပါဘူး..
အဲ့ဒါကြောင် လူငယ်တစ်ယောက်အနေနဲ့
ရမယ်ရှာပြီးငါနင့်ကိုချစ်တယ်....
လူငယ်တစ်ယေက်ရဲ့ ရင်ဘက်ဟာ
အဆင်မပြေမူများများ
အလွမ်းခါးနည်းနည်း
အစွဲလမ်းကြီးတက်တဲ့အိမ်မက်တချို့လေ
မခံချင်စိက်တွေပေပွ
လူငယ်ပြီသတဲ့ဘ၀င်တစ်မျီုး
ခပ်ထွေထွေနဲ့......
ငါနေပျော်အောင်နေတယ် ။ ။
ဒီလိုပါပဲ ဘ၀ကဘ၀...
အတွေးကအတွေးပဲ ...
စိတ်ကူးယဉ်စန်စွာနဲ့ ငါတို့ကို
ချစ်ခွင့်မပေးဘူးလေ.......
ကောင်မလေးရေ...
တေလေတစ်ကောင်မှာလဲ
အားပါးတရချစ်ခွင့် ...
အားပါးတရလွမ်းခွင့်..
အားပါးတရငိုခွင့်...
အားပါးတရ........ တွေရှိလို့ရတာပဲလေ..
အဲဒီအတွက် ဘယ်သူမှမပိုင်တဲ့
ငါ့ခံစားချက် အသစ်စက်စက်တွေနဲ့ .
ငါ့အိမ်မက်တွေကို အသက်သွင်းမယ်...
ဘယ်သူမှမသိ့တဲ့ ညတွေထဲမှာ ..
တစ်ယောက်တည်း သတိတရတွေရှိနေမယ်..
လုံလောက်ပါပြီ...
လူငယ်တစ်ယောက်အတွက်ရှိသင့်တဲ့
ခံစားချက်တွေ...
ငါ့မှာ ရှိနေပြီပဲ ...
ကောင်မလေးရေ တိတ်တိတ်လေး..
ငါ.....
         ကျေနပ်နေတက်ပြီ........ ........ ..... .... ... .. . .
အလွမ်းများအကြောင်း
ကောင်မလေးရေ....
အနောက်ဘက်မှာတိမ်တွေထူနေပြန်ပြီ...
ငါ့တစ်ယောက်တည်းလင်းနေပြန်ပြီ..
သတိတရနဲ့ ရှိနေတဲ့ အတိတ်တွေ..
တမ်းတမ်းတတနဲ့ ညည်းတက်တဲ့ သီချင်းတွေ....
ကောင်မလေးရေ...
ပဉ္စမံအနမ်းတစ်ပွင့်လောက်တောင့်တမိ့တာ..
ငါ့အတွက် ခါးလွန်းသတဲ့လား...
ဒါဆိုလဲ ငါနေခဲ့ ပါတော့မယ်...
နင်ဝေးဝေးတော့သွားပေါ့......
ငါမမြင်ရလဲလွမ်းတယ်..
သတိ့ရခြင်းမှာ အခါခါသေရင်
လွမ်းမောခြင်းမှာတော့ ငါဆိုတဲ့ကောင်
နလံတောင်မထူနိုင်တော့ဘူး....
လမ်းတော့လမ်းပဲ ဒါပေမဲ့ မြေနီလမ်း...
ခင်းတော့ခင်းထားတယ်မင်းလာမယ်ဆိုလာပေါ့
ထွက်သွားတဲ့သူတွေကို သတိတရနဲ့
အိမ်မက်တွေမက်ကတာ ငါ့အတွက်
အပြစ်တွေပဲ ရနေသလိုမျိုးပဲ...
ပြန်ပါတော့...
ဝေးသထက်ဝေးရာကို
ပျော်မယ်ထင်လို့လုပ်ကြတာပဲ
နင်ပျော်မှာပါ....
ငါမသိ့တဲ့ ကောင်းကင်နောက်မှာ
နင်နေနိုင်နေပြီပဲ ..
တိတ်တစိတ်လမ်းအိမ်ပြန်လမ်းကတော့
ဒီတိုင်းဒီတိုင်း.........
ဒီလိုနဲ့ ဆွံ့အတိတ်ဆိတ်...
သက်ပြင်းမောတွေအခါခါချ..
အင်းအခု့ထိ့လဲလွမ်းနေတုန်းပဲ.....
အခု့ထိ့ပေါ့...
တွေးလိုက်တိုင်း
ကောင်မလေးရေ
အဲ့ဒီ့ရောင်နီအောက်မှာ
ဒွိဟစိတ်တွေနဲ့ ကောင်းကင်ကိုမော့ကြည့်တော့
ထစ်ချုန်းမိုးတွေရွာချတယ် ပူလောင်တဲ့ရင်ခွင်ကိုငြိမ်းအေးစေဖို့တဲ့
မတက်နိုင်ဘူးလေ ၁၂ ရာသီလုံးလုံးအိမ်မက်နဲ့ပဲ
အသက်ဆက်နေရတော့
ဟော့ဒီနှလုံးသားထဲမှာကောင်မလေးမနားထောင်ချင်တဲ့
ပုံပြင်တွေပဲရှိတော့တယ်.......
ပင်လယ်ဘက်ကိုလမ်းလျှောက်ထွက်ခဲ့တယ်
မျှော်လင့်ခြင်းတွေထွေးပိုက်ပြီး
နောက်ဆုံးတော့ငါးတစ်ကောင်ရဲ့အိမ်မက်လိုပဲ
ပိုက်ကွန်မှာအဆုံးသတ်သွားခဲ့တယ်....
သေဆုံးတာခြင်းအတူတူငါ့သေဆုံးခြင်းကိုတော့
အဓိပ္ပါယ်ရှိစေချင်တယ် ကောင်မလေးကရယ်တယ်
လောကကလဲလက်ပိုက်ကြည့်နေတယ်
အဲ့ဒီ့ဖျော့တော့တော့ညနေခင်းမှာ
လေပြေအချို့က သယ်ဆောင်လာတဲ့
ချစ်သူရဲ့ "အဲ့လိုမျိုးလေ"ဆိုတဲ့စကားသံလေး .....
လွမ်းတယ်လို့ပြောရင်မင်းယုံပါမလားမသိ့ဘူး...
နှလုံးသားတေးသံ နာခံစေရော
အိမ်မက်အသွင်ဆောင်ကျဉ်းပါလော့
လမင်းငယ်ရေ အဝေးမှာပဲလင်းတခါ ပျောက်တစ်လှည့်နဲ့
ငါ့ကိုလှည့်စား မိုးကောင်းကင်မှောင်မိုက်
အချစ်ပျောက်တဲ့ည... .... .
တိမ်တိုက်အသွင်ဆောင်ကျဉ်း
သူရွာချခဲ့တာ အလွမ်းမိုးချည်းပဲ
မိုးညတိုင်းမှာ မျက်ရည်စက်လက်နဲ့
ပြန်မလာသူကို မျှော်နေမိ့တယ် ( ကိုယ့်တရားကိုယ်စီရင်ရင်း)....
စွန့်ပစ်ခံရတဲ့ အရုပ်တစ်ရုပ်
ကျပျောက်သွားတဲ့ချစ်ချင်း နောက်ဆုံးတံခါး
သူဖွင့်ခါနီးမှ ထစ်ချုန်းမိုးတွေရွာချ
အိမ်မက်တိုင်းမှာ ရက်စက်လွန်းတဲ့ ကံတရားကို အပြစ်ဖို့နေတုန်း... ....
ကောင်မလေးရေ နေ၀င်ပြီးရင်ပြန်ထွက်ရမှာလောကသဘာဝ
ကျဆုံးတိုင်းသာငါငိုနေရရင် နှလုံးသားက ဘယ်ခံနိုင်ပါမလဲ
နည်းနည်းတော့ငါအားတင်းထားပါသေးတယ်
မင်းကို ဆက်ချစ်နေဦးမယ်. ... ....
             စိတ်ညစ်ခဲ့ရသော မွေးနေ့အမှတ်တရ...
အဝေးရောက်သူမှာတမ်း
ကျွန်တော်မသိတဲ့ သူ့ချစ်ချင်း တွေထဲမှာဘာတွေရှိမလဲမသိဘူး သူကအမြဲ
ပျော်တက်တယ် ကျွန်တော်ကြောင့်သူ့ကိုစိတ်
မညစ်စေချင်ဘူး သူ့ကကျွန်တော်အတွက်တော့နတ်သမီးပါ သူမရှိတဲ့နေ့တွေ
သူမသိတဲ့ညတွေ ဘယ်လိုအင်အားမျိုးတွေနဲ့
ဖြတ်သန်းကမလဲ အဲဒါကအရေးမကြီး ပါဘူးအဓိကက
သူအဆင်ပြေနေရင်ကျွန်တော်ကျေနပ်ပါတယ်. တစ်ခါတစ်လေမှာတော့
ကျွန်တော်ဆိုတာလဲ အတ္တတွေနဲ့တည်ဆောက်ထားတဲ့
လူသားတစ်ယောက်လေသူကိုပိုင်ဆိုင်ချင်စိတ်တော့ရှိတာပေါ့..
ကျွန်တော်ကြောင့်လဲသူကို စိတ်မညစ်စေချင်ဘူးလေ
အဲဒီချစ်တဲ့စိတ်လေးနဲ့ပဲဖြေသိမ့်နေကတာပေါ့..
အချစ်ဆိုတာသူနားမလည်သေးပါဘူး ကျွန်တော်ပေးချင်တဲ့ အချစ်ကလဲ
သူအတွက်ရသပေါင်းစုံပေးနိုင်ပါ့မလား.??
ကျွန်တော်တစ်ခါတစ်ခါ စဉ်းစားကြည့်တယ် လူတွေလက်ခံထားတဲ့အချစ်က
တစ်ခုနဲ့တစ်ခုမတူလောက်ဘူး ဒါပေမဲ့
ကိုယ့်ချစ်တဲ့သူကိုတော့
ကိုယ့်ရဲ့အကောင်းဆုံးတွေပေးချင်ကြမှာပဲပေါ့...သူအတွက်ကမ္ဘာတစ်ခုဖန်ဆင်းပေးချင်တယ်
အဲဒီကမ္ဘာကလဲ အပြစ်ကင်းတဲ့ ကျွန်တော်ချစ်ချင်းတွေနဲ့
ထာဝရစီမ်းလန်းနေစေမှာပါ ကျွန်တော်သူ့အတွက် ဥယျာဉ်
တစ်ခုဖြစ်ချင်တယ်
သူအမြဲစိတ်ထဲမှာကြည်နူးအောင်လို့ပါ..ကျွန်တော်ပေးဆပ်မူတွေက
သူအတွက်လှောင်ရယ်စရာဖြစ်ရင်
လဲကျွန်တော်လက်ခံပါတယ် လူဆိုတာက အသက်ရူပုံချင်းတောင်တူကြတာမှမဟုတ်တာ
သူအလေးထားတက်လာတဲ့
အခါကျွန်တော်ဆိုတာက အဝေးကနေ
ငေးပြီးစိတ်ကူးတွေနဲ့ရူးနေမှာပါ..ကျွန်တော်မမျှော်လင့်ထားပါဘူး
တစ်ခါတစ်ရံမှာ
အချစ်ဆိုတာ ဖြစ်ချင်သလိုဖြစ်တက်တာပဲလေ စိတ်ရဲ့စေစားရာပဲ
သူတစ်ခြားတစ်ယောက်ကိုကြိုက်လဲ ခွင့်လွှတ်ပါတယ်
သူအတွက်အရာရာကိုနားလည်ပေးထားပါတယ်..
ကျွန်တော်ဆိုတဲ့ ကဗျာအတွက်သူကကာရံလေးပါ ကျွန်တော်သူရှိမှ ပြည့်စုံမှာပါ
ဒါပေမဲ့ဘယ်တော့မှတောင်းဆိုမှာမဟုတ်ဘူး
သူမနတ်ခင်းတွေထဲမှာ
ကျွန်တော်အရံလူအဖြစ်နဲ့ပါဝင်ခွင့်ရှိရင်တောင်ကျေနပ်ပါတယ်..သူလက်တွေထဲမှာမရှိတဲ့
မျှော်လင့်
ခြင်းတွေကို အသက်သွင်းပေးချင်တယ် .ဒါတွေကအိမ်မက်တွေဆိုလဲ
ကျွန်တော်ဆက်မက်ချင်တယ် ဆက်မက်ခွင့်လဲ ရချင်တယ်
သူကပြောတယ် ဒဏ်ရာတွေငါမပေးဘူးနော်တဲ့ နင့်ဟာနင့်လုပ်ယူတာတဲ့
အဲဒီဒဏ်ရာကချိုတယ် ဗျကျွန်တော်
မက်မက်မောမောစားသုံးမိနေတယ် သူဆိုတာတစ်ခါတစ်ခါ
ကျွန်တော်အတွက်အဆိပ်တစ်ခွက်ဖြစ်ချင်ဖြစ်နေတာပါ
ကျွန်တော်မက်မောစွာနဲ့ပဲ သောက်သုံးနေမှာပါ..
ဒီလိုနဲ့အဆုံးသတ်ဆိုတာကို ငေးမကြည့်ချင်သေးဘူး
ကျွန်တော်ဆိုတာသူသက်မှတ်ထားတဲ့ လူတစ်ယောက်မဟုတ်ဘူးလေ
ကျွန်တော်ဆိုတာက ရူးသွပ်စွာတမ်းတနေတဲ့လူကိုး..သူအပြုံးတွေထဲမှ
ကျွန်တော်အသက်မဲ့ဘူးတယ် သူကျတဲ့ ကျွန်တော်အတွက်
မဟုတ်တဲ့မျက်ရည်တွေထဲမှာ
ကျွန်တော်သေဆုံးဘူးတယ်..ကျွန်တော်ကိုသူမပေးတဲ့မျှော်လင့်ချင်းတွေကို
မက်မောစွာမျှော်နေမိတယ်
ကျွန်တော်မမှီပေမဲ့ အဲ့ဒီစပျစ်သီးကိုခါးတယ်လို့မပြောပါဘူး...
သူက၀ိုင်လိုချိုချင်ချိုမယ် ဒါပေမဲ့ ခါးမှာတော့မဟုတ်ဘူး သူဆိုတာ
ကျွန်တော်
အကြာကြီးဖတ်ခဲ့ရတဲ့ ပုံပြင်လေးပါ..ကျွန်တော်ဘယ်တော့မှပြီးအောင်ဖတ်နိုင်မလဲမသိဘူး...
သူကပြောဘူးတယ်ငါအချစ်ဆိုတာကိုမသိချင်သေးဘူးတဲ့ မှန်ပါတယ်
နင်မသိသင့်သေးဘူး အဲဒီထဲမှာ နင်နားမလည်တဲ့မာယာတွေပါလာနိုင်တယ်
ကျွန်တော်ပေးခဲ့တဲ့ အချစ်ဆိုတာတော့သူနားလည်မှာမဟုတ်ဘူး
သူလဲမီုးခါးရေသောက်နေတာပဲလေ အများကဒါဆိုဒါပဲပေါ့..
အချိန်ဆိုတာအကောင်းဆုံးသမားတော်တဲ့ ကျွန်တော်မှာတော့လူမိုက်လို့ပြောရမလား
အခုထိ့တော့ရှိနေတယ် လွမ်းနေတယ် ကျွန်တော်အခန်းထဲမှာ
သူပုံမရှိပါဘူး ကျွန်တော်အတွက်သူရေးပေးတဲ့အမှတ်တရမရှိပါဘူး သူ
ပေးခဲ့ဘူးတဲ့အရာဆိုလို့တစ်ခုပဲရှိတယ် အလွမ်းတဲ့ .......
ကျွန်တော်အတွက်အချစ်ကခါးခဲ့သလား မပေးချင်တဲ့အရာကို
အတင်းတောင်းယူပြီးလဲမနေပါဘူး ကျွန်တော်မှာသူအပေါ်ထားတာ
မြတ်နိုးမူ့လေးတစ်ခုထဲပါ
အပြင်မှာနှင်းတွေကျနေပြီ ဟုတ်တယ် သူကနှင်းကိုချစ်တယ်လေ ကျွန်တော်အတွက်
ဒီဇင်ဘာဆိုတာဘာမှမဟုတ်ပါဘူး သူအတွက်တော့ တစ်စုံတစ်ယောက်
ပြန်လာမယ်တဲ့ ဟုတ်မှာပေါ့ ကျွန်တော်ကံက လှံထမ်းပြီး
ကျွန်တော်ဆီရောက်လာတော့မှာပါ..ကျွန်တော်ကျေနပ်ပါတယ်
တစ်ဒင်္ဂလေးသူ့အနားမှာရှိခွင့်ရှိခဲ့ဘူးလို့
ကျွန်တော်လဲ ကျွန်တော်အတွက်သူရဲကောင်းဖြစ်ခဲ့တာပဲလေ
သူကိုချစ်တဲ့စိတ်တွေရင်ထဲမှာထည့်ထားရင်း ချစ်တယ်လို့တိတ်တိတ်လေး
ပြောပြနေမယ်...
အဲဒါဟာကျွန်တော်တို့ရဲ့အဆုံးဆိုလဲ သူပျော်နေမယ်ဆို အဝေးကနေပြီး
ကျွန်တော်တိုးတိုးလေးထပ်ပြောမယ် " သိပ်ချစ်တယ် ချစ်သူရယ် "
အဲဒီအချိန်ရောက်ရင်သူမေ့ရင်လဲမေ့မှာပေါ့.....
ဒီလိုနဲ့ကျွန်တော်မျှော်နေတာသက်တံ့တွေတောင် ဖြောင့်တန်းလာတယ် .............
သူမရှိတော့ပါဘူး သူဒီကမ္ဘာပေါ်ကတစ်နေရာရာမှာကျွန်တော်ဆိုတာကို
လိုက်ပြီးရှာဖွေမယ်လဲမထင်ပါဘူး သူကြိုက်တဲ့ နှင်းဆီတွေတော့
ဒီနေ့မနတ်ပွင့်နေလေရဲ့ ကျွန်တော်မနတ်ခင်းတွေထဲမှာ သူမဖန်ဆင်းပေးခဲ့တဲ့
ပန်းနုရောင်နှင်းဆီကိုအခုထိမက်မောမိပါရဲ့...........
ခံစားချက်
ငါ…သွားလာနေကြ..
ဒီလမ်းမကြီး….မင်းရှိလာတဲ့အတွက်
ထူးခြားစွာ..ကြည်နူးတတ်ခဲ့တယ်
မင်းထားခဲ့တဲ့နောက်…..
ဒီလမ်းမကြီး ထက်..ရှောင်ပြေးဖို့ခွန်အားနည်း….
အတိတ်ငွေ့ငွေ့လေးတွေ..ထဲ
မင်းအရိပ်လေးလိုက်ရှာ…..
မျက်ရည်စို့လာတဲ့အခါ
.ငိုသံမထွက်စေဖို့………ငါကြိုးစားခဲ့ပါတယ်။
မင်းပြောတတ်တဲ့…စကားလုံးတွေ
မင်းwritting နဲ့ ခပ်ဆင်ဆင်တွေ
ငါမြင်လိုက် ကြားလိုက်တိုင်း….
အသည်းထဲထိလှုပ်ခတ်အောင်
လွမ်းဆွတ်တတ်လွန်းလို့………
ငါ..အဝေးကြီးပြေးထွက်ချင်.တဲ့အခါ..
မင်းဆီရောက်မသွားစေဖို့…….ငါကြိုးစားခဲ့ပါတယ်။
ငါမျက်ရည်တွေနဲ့သီတန်း…
အလွမ်းသက်သေ..ကဗျာတွေ……
ငါ့အချစ်နဲ့စေလွှတ်….ချစ်တဲ့စာလွှာများ..
ရည်စူးသူ မင်းထံ………..
ငါ..ပေးပို့မြင်စေချင်..တိုင်း……….
ငါ့ရင်ထဲက…ထွက်ကျမလာစေဖို့……ငါကြိုးစားခဲ့ပါတယ်။
ငါကြိုးစားခဲ့ပါတယ်…..မင်းမလိုချင်ဘူးဆိုတဲ့အတွက်.
ငါကြိုးစားနေတုန်းပါပဲ………မင်းအတွက်…အားလုံးရပ်တန့်အောင်
ငါ့ကိုယ်ငါ မြေမြုပ်နေလဲ……
မင်းမမြင်လိုတဲ့…ဒီဘက်ခြမ်း…မှာ
အချစ်တွေ..ဆက်လက်ရှင်သန်နေဆဲမို့….
ငါကြိုးစားနေရတုန်းပါပဲ။
Saturday, August 11, 2012
ချ စ် သူ အ တွ က် (၃)
(၁)
မိုးရွက်ကြွေတို့ရဲ့ ရနံ့တချို့နဲ့
ချစ်သူအတွက်ဆိုပြီး
ကျွန်တော်ဟာ.... ကဗျာလှလှတစ်ပုဒ်ကို...
နင့်နင့်သီးသီး....ရင်မှာ ခြယ်မှုန်းတယ်
(၂)
ကောင်မလေးရေ
တိတ်တခိုးနဲ့ လွမ်းနေသူရင်မှာ
စွယ်တော်ရွက်တွေ...လွင့်ကြွေလို့
ဆံနွယ်တွေကို အလှဆုံးဖြန့်ကျက်ထားလှဲ့
ဘယ်အခါမှ...မတည်ရှိဖူးသေးတဲ့ အချစ်စစ်တစ်ခုနဲ့
အလွမ်းတွေ...အဆွေးတွေ
ဝေါကနဲပဲ...ရွာသွန်းချတယ်
(၃)
ဒီလိုပါပဲ..ဒီ လို ပါ ပဲ . . .
ဘယ်ရယ်မဟုတ်ပဲ ဒီနာမည်လေးတစ်ခုကို
အချိန်တိုင်း ရွတ်ဆိုချင်ခဲ့
ရင်ခွင်စိုက်ခင်းထဲ..မင်းအတွက် ပန်းတွေတောင် ဖူးပွင့်နေပြီ
(၄)
ထိုင်နေကျ ခုံတန်းလေးရယ်
မင်းအတွက်သီဆိုနေကျ..ငါ့ဂစ်တာတစ်လက်ရယ်
ကောင်မလေးရယ်
အဲဒီလိုပဲ..ငါ ကိုက သွေး အေး လွန်း ပါတယ်
(၅)
တချို့ တချို့ ၂၄ နာရီရဲ့ ဥာဉ့်နက်တွေဆို
ရင်ခုန်လှိုက်မောခြင်းတွေနဲ့
သူမ ရုပ်ပုံလွှာကို
ကျွန်တော့်ရင်ခွင်မှာ...ပန်းချီဆွဲတယ်
အို....နင်ဟာ...ငါ့နတ်သမီးပဲကွယ်
(၆)
တိမ်လွှာတွေကို စီးနင်းပြီး
ရီ ဝေ ယစ် မူး.....
ငါလည်း ရူးမှာပါ အချစ်ရယ်
ငေးကြည့်ခွင့်လေးရယုံနဲ့
ရင်တစ်ခုလုံး လွင့်ပျံ့နေခဲ့တာ
မင်းမှ မသိပဲ...
မင်းမှ မသိခဲ့ပဲ..လေ
(၇)
ကောင်မလေးရေ
ကောင်းကင်ကိုမော့ကြည့်လှဲ့
ကြယ်တွေသီချင်းဆိုနေတယ်
မင်းအတွက်..နှင်းမှုံတွေလည်း
တဖွဲဖွဲ..ကျဆင်းခဲ့
မင်း...တမ်းတချိန်တိုင်း ငါရှိနေမယ်
(၈)
အချိန်...ဘ၀ ...ငွေကြေး
ဒါတွေနဲ့ ဝေးခဲ့ရင်ကောင်းမယ်
ချစ်သူကိုကျောပိုးလို့
ငါက ...သူရဲကောင်းဖြစ်ခွင့်တော့ရချင်ရဲ့
မင်းရှိနေခဲ့ရင်
ဘ၀က .. လှတယ်
(၉)
အချစ်ဆိုတဲ့ ဘာသာရပ်မှာ
ကြက်ခြေခတ်တွေနဲ့ ဝေးရပါစေရဲ့
မင်းရဲ့အမုန်းကို
အရှုံးပေါင်းများစွာထက်
ငါက ...ကြောက်နေမိသူ
(၁၀)
ဒီလိုပါပဲ....
အချစ်နဲ့ပတ်သတ်ရင်
ငါဆိုတဲ့ကောင်က
သေလောက်အောင် ခမ်းနားတယ်
ချစ်ခြင်းအတွက်
ချစ်ခြင်းအတွက် ----
မေ့နေခဲ့တာမဟုတ်ပါဘူး ----
အချိန်ကာလ ကြီးကသာ---တဖြည်းဖြည်းရွေ့နေခဲ့တာပါ
တဖြည်းဖြည်းအသက်တွေကြီးရင့်လာတဲ့အခါ
ကိုယ့်သဏ္ဍာန်ကိုယ်--မပီသတော့သလိုမျိုး
ခင်ဗျားကို ----တိုးတိုးပြီး စိုးမိုးနေမိခဲ့
လူတွေကလည်းခက်တယ် ----
ရေဒီယိုအသံကြားလည်း လက်ခုပ်ထတီးကြတယ်
ရုပ်မြင်သံကြားမြင်လည်း လုပ်ခုပ်ထတီးကြတယ်
ခွေးနှစ်ကောင်ကိုက်လည်း လက်ခုပ်ထတီးကြတယ်
ဟုတ်တယ် ----
မရှိခြင်းထက်---မသိခြင်းကပိုခက်တယ်ဆိုပါစို့
ကျွန်တော်ကတော့---ခင်ဗျားကို -- အသိရှိရှိနဲ့
မြတ်နိုးနေခဲ့တဲ့ကောင်ပါ
မေ့ပစ်လိုက်စမ်းပါ
လူတွေကြုံတွေ့ရလေ့ရှိတဲ့ ခင်ဗျားဘ၀ရဲ့ လောကဓံတွေကို
ရှေ့မှာ မြူတွေ ပြယ်တော့မဲ့ ကောင်းကင်ပြင်---
ကြယ်ကလေးတွေလည်း ---မှိတ်တခါလင်းတလှည့်
ခင်ဗျားရဲ့ အနုပညာဆန်မှုကို ဦးညွှတ်နေကြ
မှေးစက်လှည့်ပါ
ဒီကောင့်ရင်ခွင်နွေးနွေးမှာ ပကာသန မပါပေမယ့်
ဗလာမကတဲ့ ချစ်ခြင်းအနန္တတွေရှိပါတယ်
အရာရာမှာ---ပန်းတွေပွင့်စေချင်ခဲ့သူတစ်ယောက်မို့
ချစ်သူ----
ချစ်ခြင်းအတွက်----
အပြစ်ကင်းစေကွယ် ------
“အနမ်းလှေ”
ခြောက်ကပ်ပြီး ပတ်ကြားအက်နေတဲ့
ငါ့နှလုံးသာ ဥယျာဉ်ထဲမှာ
ကန္တာရတို့ အဆုပ်လိုက် ပွင့်နေတယ်။
ညပေါင်း တစ်သောင်းကျော်စောင့်တာတောင်
ငါမျှော်နေတဲ့ လမင်းက
အခုထိ မသာသေးဘူး။
ငါဟာ
အချစ်ရဲ့ ပွင့်ချပ်တွေကို
ငါ့ဘဝလှေငယ်မှာ ရွက်တပ်ဖို
မဝံ့မရဲ
စောင့်နေတဲ့ သူပါ။
ခြေလှမ်းတလှမ်းလှမ်းလိုက်တိုင်း
အထီးကျန်မှုတွေက
ငါ့နောက်က တကောက်ကောက် လိုက်လာတယ်။
ကြွေရှာတဲ့ သစ်ရွက်တွေမှာတောင်
ခိုစရာမြေပြင်ရှိသေးတယ်၊
ဝေဒနာနဲ့ နှစ်ရက်တွေမှာငါ
ငိုစရာရင်ခွင် မရှိဘူး။
ကံကြမ္မာက အတင်းပစ်ချလိုက်တဲ့တိုက်ပွဲမှာ
လောကဓံရဲ့  လက်သီးချက်တွေနဲ့ 
ဘဝက ခဏခဏ ကွဲတယ်။
ဒဏ်ရာဒဏ်ချက်တွေထဲက
စိမ့်ထွက်လာတဲ့သွေးတွေကို
အကြင်နာလက်တွေနဲ့ 
ဘယ်သူလာ ဆေးထည့်ပေးပါ့မလဲ။
သြာ်...
ငါ့ပါးနှစ်ဘက်ကမ်းခြေမှာ
အားတက်စေမဲ့ အနမ်းလှေဟာ
ဘယ်အချိန်လာရောက် ဆိုက်ကပ်လေမလဲ။
အချစ်
မျက်လုံးလေးတစ်စုံအတွက်
ဟောဒီရင်ဘတ်
တလှပ်လှပ်ဖြစ်တတ်လာမှုကအစပေါ့။
ကိုယ်တတ်နိုင်တာက
စိတ်ကူးလေးတွေကို လှလှပပထုဆစ်
`အချစ်´လို့ခေါင်းစဉ်တပ်ထားရုံလောက်ပဲ။
ဆန္ဒတွေကို မချင့်မရဲသိမ်းခေါက်
ရောက်ရာအရပ်မှာ ပြန်ဖွင့်ကြည့်ရုံလောက်ပဲ
ဖြစ်နိုင်မယ်ဆိုရင်
ရင်ခွင်တစ်ခုလုံးကိုခြွေချ
ချစ်တတ်လာအောင် ကြွေပြချင်တာလေ။
ပေတိပေကပ်အမူအယာနဲ့
ကိုယ့်ရဲ့ ကြယ်ဆိုးမလေးရေ.........
ရင်ခုန်သံချင်း ကိုင်းကူးကိုင်းဆက်နည်းအရ
မင်းရဲ့နှလုံးသားထဲ
ကိုယ့်ကို ၀တ်မှုန်ကူးခွင့်ပြုပါ။
ဆိုသည်မှာ...
ကြည်ပြာရောင်လင်းနေတဲ့ကောင်းကင်ပဲ
အလင်းတောက်တောက်တွေနဲ့
အိမ်မက်တွေကိုထုဆစ်တယ်....
ခတ်ရချည်ရဲ့ သေစရာရှားလို့
အချစ်တွေပဲခဏခဏသေရတယ်လို့
ကဲဘယ်လိုကျိန်စာလဲကွယ်....
အသက်သည် အိပ်မက်
အိပ်မက်သည် သူ
သူသည် အသက်ဖြစ်စေ။
ဆောင်းနှောင်းလျှင် နွေဦး၏
နွေဦး၌ နှင်းကြွင်းသည်
နှင်းကြွင်းပြယ်သော်လည်း
သစ္စာကြွင်းစေ
မြတ်နိုးခြင်းကြွင်းစေ ... ။ ။
အိမ်မက်အကြောင်း
ကမ္ဘာကြီးတစ်ခုလုံးဟာ
အမွေးစုတ်ဖွား ခွေးကလေးတစ်ကောင်ပါပဲ...
ကြည့်လေ....
ချစ်သူရဲ့ခြေဖမိုးပေါ်
ခေါင်းတင်ပြီး အိပ်စက်နေတာ..။
အချစ်တွေစံပါယ်လိုကြွေကြွေကျတာကို...
အလွယ်တကူရတယ်လို့မထင်ပါနဲ့ ၊
မင်းဆံပင်မှာပန်ဖို့ တစ်ပင်တည်းပွင့်တာပါ...
အိမ်မက်တွေကို....
ကျစ်ဆံမြီးလိုကျစ်တက်တဲ့ ကောင်မလေးရေ...
မင်းဆံပင်ရှည်တွေ
ည..ည ဆို ငါ့ကို တစ္ဆေလိုခြောက်နေပေါ့...
အလင်းတွေရဲ့တောင်ပံနဲ့
ချစ်သူရေ....ကမ္ဘာတစ်ပတ် အပြည့်ပျံစမ်းပ၊
ဟောဒီကောင် ရင်ဘတ်အကန်းကို
လမ်းပြမယ့်သူ မရှိလို့ပါ...
(လူဘ၀မှာမျှော်လင့်ချက်တွေကို
တိတ်တိတ်လေးချောင်းကြည့်နေဖို့လိုတာပဲလေ)
အိမ်မက်ဆိုတာ
ကိုယ့်စိတ်ကူးတွေက ကိုယ့်ကိုပြန်ပြောပြတဲ့ ပုံပြင်ပေါ့....
Friday, August 10, 2012
အေ တွး အိ မ် မ က်. . .
အတွေးအိမ်မက်
အထီးကျန်ခြင်းရဲ့ နောက်ကွယ်မှာ
နာကျဉ်လွန်းတဲ့ နှလုံးသားတစ်ခုရှိတယ်.....
ကြိုးစားခဲ့သမျှ အရာမထင်တဲ့ ဘ၀မှာ
အလင်းပျောက်ည တွေ ရှည်ကြာလွန်းတယ်.........
အပြုံးပါးပါးလေးနောက်ကွယ်မှာ
လူမသိတဲ့ အငိုမျက်လုံး တစ်စုံလည်း ရှိလေရဲ့ .......
ကိုယ်တိုင်ပျိုးတဲ့ ပန်းခင်းတစ်ခုကို
ငါပိုင်တယ်ဆိုပြီး ဟစ်အော်တတ်တဲ့လူတွေကိုကြည့်ပြီး
သနားတတ်တဲ့ ကို့စိတ်ကိုနားမလည်ပြန်ဘူး......
ဟန်ဆောင်ခြင်းရဲ့ နောက်ကွယ်မှာ
ကြေကွဲခြင်း ဆိုတဲ့ ခံစားမှု့တစ်ချို့ကို
ကွယ်ဝှက်ထားတယ်.......
အရာရာ တတ်တိ နားလည်တယ်လို့
ခံယူချက်ရှိတဲ့ လူတွေမှန်သမျှ
စိုးရွံထိန့်လန့် ခြင်းဆိုတဲ့
အိမ်မက်ဆိုးတွေ ညတိုင်း လက်ဆောင်ရနေပြန်တယ်.......
ချစ်ခြင်းရဲ့ အခြားတစ်ဘက်မှာ
အမုန်းရှိတယ်ဆိုတဲ့ ပြောနေကြတဲ့လူတွေရဲ့စကားကို
ငါနှလုံးသားက ငြင်းဆန်နေရင်း
နှလုံးသားက ခံစားချက်ကို ဦးနှောက်ရဲ့ ဆုံးဖြတ်ချက်ချတတ်တဲ့
လူတစ်ချို့ကို သရော်မိပြန်တယ် ...........
မာန်မာနတွေရဲ့ နောက်ကွယ်မှာ
တိတ်တဆိတ် ၀မ်းနည်းနေတတ်တဲ့
အားငယ်မှု့ သိပ်ငယ်မှု့ တွေရှိတယ်...........
ပစ္စုပ္ပန် ဆိုတဲ့ လက်ရှိ နောက်ကွယ်မှာ
အတိတ်ဆိုတဲ့ ဖြတ်သန်းလာတဲ့ ဘ၀တစ်ချို့ကို
ကျွင်းထဲထည့်ပြီး မြေမြုပ်ထားတယ်......
လွမ်းဆွတ်သတိရခြင်း နောက်ကွယ်က
အိပ်မပျော်တဲ့ ညတစ်ချို့ မှာ
ခံစားချက် ကဗျာတစ်ပုဒ်ကို ငါအသက်သွင်းတယ်........
နားလည်ပါတယ်ဆိုတဲ့ စကားလုံးနောက်ကွယ်က
ဝန်တိုခြင်းတွေရှိတတ်တဲ့ လူတွေကိုကြည့်ပြီး
နောင်တဆိုတဲ့ စကားလုံး လက်ဆောင်ပေးချင်နေတဲ့ ငါ့စိတ်ကို
မသိချင်ယောင် ဆောင်နေမိပြန်တယ်...........
မမြင်ရ တဲ့ အနာဂါတ်ကို ကြိုးတွေလို့
စိတ်ကူးရင်ဆန်တဲ့ အတွေးတွေနဲ့
ငါ့နှလုံးသား မာတိကာ မှာ
မင်းနံမည်လေးကို ရေးထိုး
တစ်သက်လုံး ကျရှူံးပေးနေရင်း
မွန်းကျပ်လွန်းတဲ့ ၀င်သက်ထွက်သက်အောက်
ငါ့....................ဘ၀တစ်ခုလည်း အဆုံးသတ်တော့မယ်....
Thursday, August 9, 2012
ချ စ် သူ အ တွ က် ( ၂ )
အ လွ မ်း ညေ တွ ရှ ည် လျား လို က် တာ
အ ေ ၀ း မ ွာ ပ ဲ လ ြ င ့္ ေ န ရ ေ တ ာ ့ မ ဲ့ တ ိ မ ္ ေ တ ြ လ ို
ေ န ေ ရ ာ င် လာ ရ င်ေ ပျာ က် ကွ ယ် သွား ရေ တာ့  မဲ့ြ က ယ်ေ တွ လို
အ သ ည်း ကွဲ ညေ တွ ခ မ်း နားေ န လို က် တာ များ . . . .
တ စ် ခါ တ စ်ေ လ သီ ချ င်းေ တွ ဆို မ ယ်
တ စ် ခါ တ စ်ေ လ အိ မ် မ က်ေ တွ ကို အ သ က် သွ င်း မ ယ်
တ စ် ခါ တ စ် ေ လ မ ိုး ေ ရ စ က ္ ေ တ ြ က ို ေ င း ၾ က ည့်  မ ယ်
. . . .
တ က ယ် ပါ ကို ယ့်  မှာ က မ္ဘာ တ စ် ခု ရှိ တ ယ်
အဲ့ ဒီ က မ္ဘာ ထဲ မှာ မ င်း တ စ်ေ ယာ က် ပဲ ရှိ တ ယ် . . . .
နာ ကျ င် စ ရာေ ကာ င်း တဲ့ေ န့  ရ က်ေ တွ ထဲ မှာ
ဘ ယ်ေ တာ့  မှြ ပ န် မ ရ နို င်ေ တာ့ မဲ့ မ င်း အ တွ က် အ ချ စ်ေ တွ ရှိ တ ယ်
ထား လို က် ပါ ေ တ ာ့ ေ လ . . . .
နာ မ ည် တ စ် ခု ကို ရ င် ထဲ ကေ အာ်ေ ခါ် မိ တ ယ်
 မ င်းြ ကို က် တဲ့ သီ ချ င်း ေ တ ြ ခ ဏ ခ ဏ န ာ း ေ ထ ာ င် မ ယ်
ဆုံးြ ဖ တ် ရ ခ တ် တဲ့ အ ခါ အ ရာ ရာ ဟာ မှား ယွ င်း တ က် ပါ တ ယ်
မ င်းေြ ပာ ဖူး တဲ့ စ ကား တ စ် ခွ န်း လို ေ ပ ါ ့
ေ ဆ ာ င ္း ရ ာ သ ီ က ေ တ ာ ့ ၾ က မ်း တ မ်း ၏
ရ င့် မှ ည့်  သ ည်ြ ဖ စ်ေ စ မ ရ င့် မှည့်  သ ည်ြ ဖ စ်ေ စ
ရိ တ် သိ မ်း ရေ တာ့ မ ယ်. . . .
ေ ၀ း ခ ဲ့ ၿ ပီ တ က ယ ္ ေ ၀ း ခ ဲ့ ၾ က ၿ ပီ
ဘာ မှ ပို င် ဆို င် ခွ င့်  မ ရှိေ တာ့  လဲ
သ တိ ရြ ခ င်းေ တွ ကို ငါ ပို င် ဆို င် ပါေ သး တ ယ်
ငါ က မ္ဘာ ဟာ အ ရ င် လို ပဲ မ င်း ကို သ တိ ရြ ခ င်းေ တွ
မ င်း ကို တ မ်း တြ ခ င်းေ တွ
ြ က ည့်  လို က် စ မ်း ပါ ကွ ယ် ဘ ယ်ေ လာ က်ေ တာ င် မှ
ေြ ခာ က် က ပ် လို က် လဲ . . . .
တ စ်ြ ကိ မ် တ ည်း ပဲ မ င်း ရ င် ထဲ ကိုြ မ င်ေ အာ င်ြ က ည့်  ခဲ့ တာ ပါ
တ စ်ြ ကိ မ် တ ည်း နဲ့ ကို ယ် နား လ ည် ခဲ့ ပါ တ ယ်
ေ ကျ န ပ် စွာေ နာ က် ဆု တ် ခဲ့ ပါ တ ယ် ကွ ယ် . . . .
Wednesday, August 8, 2012
ချ စ် သူ အ တွ က် ( ၁ )
ေ က ာ င္ မ ေ လ း ေ ရ . . . . .
ေ ရ ာ င် နီ ကို လဲ ပျိုး ပါ . . . .
အ လွ မ်းေ တွ ကို လဲ နိုး ပါ . . . .
ြ က ယ်ေ တွ ငို သံ ကို လ မ င်း က
ဘ ယ် လို မျ က် နှာ မျိုး နဲ့ေ ချာ င်းြ က ည့် မ လဲ. . . .
ခ တ် ရ ချ ည် ရဲ့ အ ချ စ် ရ ယ်
ေ ချာ င် ထဲ မှာ ထိုး သိ ပ် ထား တဲ့ အ လွ မ်း ေ တ ြ. . . .
ေ အ း စ က် ကို က် ခဲေ န တဲ့
ရ င် ဘ က် တြ ခ မ်း မှာ
မ င်း နာ မ ည် ကို မှင် ရ ည် ထိုးြ ပီး
မ ရိုးေ အာ င် လွမ်း ေ န ပ ါ ရ ေ စ . . . .
မ ံူ ရ ီ ေ ၀ သ ီ ေ န လ ို က် ပုံ များ
တ စ်ေ လာ က လုံး ထုံ ထို င်း
တိ တ် တ ခိုး နဲ့ မ င်း ပုံ ရိ ပ် ကို န မ်း ခွ င့်ြ ပု့  ပါ . . . .
ဆံ ပ င် ေ တ ြ လ ဲ အ ေ ရ ာ င် မ ဆိုး ပါ နဲ့ (စိ တ် ထဲ ကေြ ပာ တဲ့ စ ကား)
လ က် လွ တ် စ ပ ယ် လဲ မေြ ပာ ပါ နဲ့ (စိ တ် ထဲ က ေ ျ ပ ာ တ ဲ့ စ က ား)
အ ဲ့ လ ို န ဲ့ က ၽြ န ္ ေ တ ာ် တိ တ် ဆိ တ်ေ န တ က် လို က် တာ . . . .
ေ ၀ း ခ ဲ့ ၿ ပီ . . . တ က ယ ္ က ို ေ ၀ း ခ ဲ့ ရ ၿ ပီ
ဘ ာ အ ာ ဃ ာ တ ဘ ာ အ ၿ င ိဳ း အ ေ တ း မ ွ မ ရွ ိ ခ ဲ့ ပ ဲ
တ ို႕ ေ တ ြ ေ ၀ း ခ ဲ့ ၿ ပီ . . . .
အိ မ် မ က် ေ တ ြ ေ သ ဆ ံုး လ ို က် ပုံ များ
လ က် လွ တ် ခွ က် လွ တ် ပါ ပဲ
ေ နာ င် တ စ် ချိ န် မှာြ ပ န်ေ တွ့ြ က ရ င်
ြ ကာ ခဲ့ ပါြ ပီ ဆို တဲ့ စ ကား တ စ် ခွ န်း တ ည်း နဲ့
ငါ့  နှ လုံး သား ကား စ င် တ င် ခံ ရ လိ ပ် ဦး မ ယ်
ေ သ ချာ တာ တ စ် ခု က ကျွ န်ေ တာ် သိ ပ် ချ စ် ခဲ့ ပါ တ ယ်. . . .
သိ ပ် ကိုေ မျှာ် လ င့်  ခဲ့ မိ ပါ တ ယ် . . . .
ဆ န္ဒ နဲ့ လ က်ေ တွ့ တ စ် ထ ပ် တ ည်း မ ကျ တဲ့ အ ခါ
ေ မျှာ် လ င့်ြ ခ င်းေ တွ ကို ထိ န်း ချု ပ်ြ ပီး
နှ လုံး သား ကို အ ကျ ယ် ချု ပ် ချ
ကျွ န်ေ တာ့် ညေ တွ အိ ပ်ေ ရး ပျ က် ခဲ့ ဘူး တ ယ်. . . .
ေ မ ွ ာ ္ ဆ ရ ာ ေ ရ ေ တ ာ င်း ဆို ခွ င့်  ရှိ မ ယ် ဆို ရ င် ေ လ
က ၽြ န ္ ေ တ ာ် အ တွ က် ချ စ် သူ ရဲ့ နား ရွ တ်ေ လး တ စ် ခု့ ကို ဖ န် တီး ေ ပ း ပ ါ
ေ တ ာ င ္ ပ ံ ေ တ ြ လ ဲ မ လ ို ပ ါ ဘ ူး  (သ ူ က က ၽြ န ္ ေ တ ာ် မ ရှိ လဲြ ဖ စ် တ ယ် ေ လ)
က ၽြ န ္ ေ တ ာ ္ ေ ျ ပ ာ ခ ် င ္ တ ာ ေ တ ြ အ တ ြ က် သူ့ နား ရွ တ် ေ လ း သ ာ ေ ပ း ပ ါ . . . .
( ဒ ါ ဆ ို က ၽြ န ္ ေ တ ာ် ရ င် ထဲ က စ ကား ေ တ ြ ေ ျ ပ ာ လ ဲ သ ူ မ ် က် နှာ ပျ က် မှာ မ ဟု တ် ေ တ ာ့ ဘ ူး ေ လ )
တ စ် မိုး တ ည်းေ အာ က် မှာ ရှ င် သ န်ြ ကေ ပ မဲ့
အိ မ် မ က် ေ တ ြ က ေ တ ာ့ ဘ ယ် တူ နို င် ပါ့  မ လဲ ကွ ယ်
ချ စ် သူ ရ ယ်
မ စွ န့်  လွှ တ် နို င် တာေ တွ ကို မ စွ န့် လွှ တ် ပါ နဲ့
မ င်း ဆု ပ် ကို င် ထား လို က် ပါ . . . .
ကို ယ် နား လ ည် လာ တဲ့ တ စ်ေ န့ မှာ ပဲ
မ င်း သီ ချ င်း တ စ် ပုဒ် ကို ဆို တ ယ်
ဇာ တ် ဆ ရာ ကျီ စား လို က် ပုံ များ
စိ တ် ကူးေ တွ ယ ဥ်ေ ကာ င်း တု န်း မှာ ပဲ
 " ၀ု န်း " ခ နဲြ ပု တ် ကျ ကွဲ အ တ် သွား တာ
ငါ့  နှ လုံး သား တဲ့. . . . .
အ စ က တ ည်း က ဆုံ ခွ င့် တ စ် ခု တ ည်း နဲ့
ေ ကျ န ပ် တ က် ခဲ့ ရ င် . . . .
နှလုံးသွေးစက်တချို့အကြောင်း
ရုန်းပြန်ထိုးကြွနေတဲ့ နှလုံးသွေးစက်တချို့အကြောင်း
ငါ့ကိုကယ်တင်ပါ -- ငါ့ဝိဥာဉ် ငါ့ သွေးစက်တွေကြားထဲ
တထိတ်ထိတ်ကခုန်နေတဲ့ မင်းရယ်သံတွေ တစက်စက်ထွက်ကျ
နှလုံးသွေးခန်းထဲက ကြွက်သားတွေ ညှစ်လိုက်တိုင်း
ဦးနှောက်အစိုင်းအပိုင်းတချို့ ၀ုန်းကနဲ ရုန်းပြန်ထိုးကြွ နေခဲ့ ။
လမင်းရေ -- ကြယ်ဆိုတာ ကောင်းကင်ရဲ့ သွေးစက်တွေလား
မင်းမငိုပါနဲ့ -- အိပ်မက်ဆိုတာ လူတိုင်းမက်ခွင့်ရှိတဲ့ မျှော်လင့်ချက်
တကယ်ဆိုစီးဆင်းသွားတဲ့ မိုးရေတွေထဲပါသွားတာ -- အလွမ်းတချို့
လူဟာ အစ္ဖျတ္တ သားကောင် -- မိုးမမှောင်ခင် -- မင်းအိမ်ပြန်ပါ ။
ထားလိုက်ပါတော့--အတိတ်ကိုသာပြန်
တမ်းတ မက်မောရကြေးဆို
ထားလိုက်ပါတော့--အမှားဆိုတာကိုသ
ာပြန်တမ်းတ နောင်တရကြေးဆို
ထားလိုက်ပါတော့ -- အချစ်ကိုသာ နင်နဲ့ငါ ကဗျာပြိုင်စပ်ကြကြေးဆို
အနိုင်နဲ့အရှုံးဟာ ကဗျာတစ်ပုဒ်ဖြစ်လာမလား ။
ကြယ်တစ်စင်းရေ --ရင်ခွင်မှာ ထင်းကနဲသာလင်းပါ
ငါ့အရှုံးတွေကိုသာ မင်းအပြုံးတွေအဖြစ်မှတ်ယူ
လူဟာလူပဲ -- လူပဲ (ကွယ် )
ခံစားနာကျည်းငိုကြွေးတတ်တဲ့ နှလုံးသားတွေမှာ
ဘယ်လို ဘုရားသခင်ကများ ကောင်းချီးလာပေးကြမလဲ ။
ဒီနေ့ကဗျာက ငါ့ကိုလာမြှားတယ် -- အာသီသပြင်းပြင်းနဲ့
မြှားထိပ်မှာချိတ်ထားတဲ့ ငါ့အစာဟာငါ့ခံတွင်းထဲ ထိုးဖောက်ဝင်ရောက်
တဖျောက်ဖျောက်ကျတဲ့ မိုးစက်သံတွေဟာ ဂီတ များလား
လူ့အန္ဓတွေ ကခုန်နေကြတဲ့ သုညတစ်လုံးထဲ
ငါ့အခွံကို ငါစွပ် -- ငါလာခဲ့တယ် ပွဲတော်ဆီ
မင်းသားမျက်နှာဖုံးနဲ့လား ? ဘီလူးမျက်နှာဖုံးနဲ့လား ?
------------------------------
-
အ၀ါရောင် တိမ်တိုက်တွေအလား-- အရာရာဟာငါ့ရင်မှာ မြူတွေဝေ့ဆိုင်းလို့ -- ။
ေ တာ င်း ဆု
ေ တာ င်း ဆု
ဘ ာ ေ တြ ကို မ် ာ း ထူ း ၿပီ း ဆု ေ တ ာ င်း ရ မ လဲ ကွ ယ်
ငါ က . . . . .ေ ကာ င်းေ ကာ င်း မွ န် မွ န်ေ န ခဲ့ ပါ တ ယ်
က ဗ် ာ ေ တြ ေ ရ း ရ င်း
လ က် ဖ က် ရ ည် ဆို င် ထို င် ရ င်း
ဟို ဟို ဒီ ဒီေ ငး ရ င်း
န င့် ကို အ မြဲ . . လွ မ်းေ န တ တ် ခဲ့ သူ
ေ တာ င်း ဆု တ စ် ခု သာ ရ မ ယ် ဆို
ဒီ လို ည ေ န အို ေ တြ တို င္ း
ေ တ ာ င္ ပံ ေ တြ တ ဖ် က် ဖျ က်
တ လ က် လ က်ေ တာ က် ပ တဲ့ ဆ ည်း ဆာ လှို င်းေ တွ ကြား
ဘ ာ ေ ၾက ာ င့္ မ် ာ း မ ယံု ခဲ့ ရ သ လဲ ကြ ယ္
ငါ့ အ ေ တြ း . . ငါ့ အ ေ ရ း
တ ေ မွ း ေ မွ း မ ယ် ကြံ တို င်း
ဖျ က် က နဲေ ပါ် လာ တ တ် တဲ့ န င့် နှု တ် ခ မ်းေ တွ
အ ဆုံး သ တ် မှာ . . . အ ရှုံး ထွ က်ေ တာ င်
ငါ က . . . န င့် အ တွ က် အ ပြုံး မ ပျ က် ခဲ့ သူ
န င့် မျ က် နှာေ လး မ ညို ပါ နဲ့
ပြိုေ တာ့ မ ယ့် မိုးတိ မ် စို င် လို
လျှ ပ် စီးေ တွ ပြ က် . . . .
တ ဖျ က် ဖျ က် နဲ့
ငါ့ ရ င် ထဲ ကို မု န် တို င်း ၀ င် တ ယ်
န င် သာ ငို ခဲ့ ရ င်
ငါ့ မျ က် ၀ န်းေ တွ က ကြို ပြီး စို တာ မို့ 
န င် မ ငို နဲ့ ကွ ယ်
ဆုေ တာ င်း တို င်း လွဲေ ချာ်ေ န ကျ . .
ကျွ န်ေ တာ့် ဘ ၀ တ စ် စိ တ် တ စ် ပို င်း မှာ
ဒီေ တာ င်း ဆု တ စ် ခုေ တာ့ ပြ ည့် ခွ င် ့ေ ပ း ပါ
“ သူ မ အ ၿပံ ဳ း မ် ာ း . . အ စ ဉ် လ င်း လ က်ေ တာ က် ပ ေ န ပါ ေ စ သ ာ း ”
Tuesday, August 7, 2012
Thank You!
Thank you ပါ ကောင်မလေးရယ် တစ်ခါတစ်လေ မင်းကြောင့်ငါ့ဆုံးဖြတ်ချက်တွေပိုခိုင်မာတယ်...
Thank you ပါ ကောင်မလေးရယ် တစ်ခါတစ်လေ မင်းကြောင့်ငါ့ဝမ်းနည်းခြင်းတွေပျောက်ရုသွားတယ်...
Thank you ပါ ကောင်မလေးရယ် တစ်ခါတစ်လေ မင်းကြောင့်ငါ့ဘ၀ကအဓိပ္ပါယ်ပိုရှိလာတယ်...
Thank you ပါ ကောင်မလေးရယ် မင်းငါ့ကိုမချစ်ပေမဲ့ ချစ်တယ်ဆိုတာတွေအားလုံးထက်လေးနတ်လို့...
Thank you ပါ ကောင်မလေးရယ် မင်းကြောင့် အချစ်ဆိုတာကို ခံစားမိပြီး နတ်နဲတက်လာလို့...
Thank you ပါ ကောင်မလေးရယ် အချစ်ဆိုတာကို မသိ့တဲ့မင်းကြောင့် ကိုယ်ကတော့ချစ်တက်လာလို့...
Thank you ..............................................................................................................
ကျေးဇူးတင်ပါတယ် ကောင်မလေးရယ် နောက်ဆုံးအချိန်ထိမင်းအနားမှာ မင်းကိုစောင့်ရှောက်ခွင့်နဲ့
ယုယခွင့် ကိုပေးပါ ကိုယ့်ဘ၀အဓိပ္ပါယ်ကို ပိုလေးနတ်အောင်မင်းဖန်တီးပါ........
(7.8.12 အမှတ်တရ)....
ရိုးသားခြင်း။။။
ယောက်ျားလေးတစ်ယောက် ရည်းစားများရတာက
စကားချိုချိုပြောတတ်လို့၊ လိမ်ညာတတ်လို့၊ ချည်းကပ်တတ်လို့
မိန်းကလေးတစ်ယောက် ရည်းစားများရတာက
ချောလို့၊ ချွဲတတ်လို့၊ လိမ္မာချင်ဟန်ဆောင်တတ်လို့
ဒါကြောင့် ရိုးသားတဲ့ယောက်ျားလေးမှာ ချစ်သူမရှိသလို
ရိုးဖြောင့်တဲ့မိန်းကလေးမှာလည်း ချစ်သူမဲ့တယ်
တကယ်တော့ သင့်မှာချစ်သူမရှိသေးတာ
ဒီလောကကြီးက သင့်ကို လျစ်လျူရှုထားလို့မဟုတ်ဘူး
သင်လိုကောင်းတဲ့လူနဲ့ သင်မဆုံရသေးလို့ပါ....
(နိုင်းနိုင်းစနေ)
(တို့နှစ်ယောက်လုံးရိုးသားကြတာပဲနော်.......)
လွှတ်ချလိုက်ပါ
မပြီးပြတ်နိုင်တဲ့ ကိစ္စဆိုတာမရှိဘူး
မပြီးပြတ်နိုင်တဲ့ ခံစားချက်ဆိုတာပဲရှိတယ်
အဲဒီခံစားချက်တွေကို ငါတို့လွတ်မချနိုင်ခဲ့လို့
စိတ်ထဲတနုံ့နုံ့ ခံစားနေကြတယ်။
ဥပမာ
အလိမ်ညာခံရတော့ လက်စားပြန်ချေမယ်ဆိုတဲ့စိတ်ကို ငါတို့လွတ်မချနိုင်ခဲ့ဘူး
ကဲ့ရဲ့လှောင်ပြောင်ခံရတော့ အမုန်းရန်ငြိုးကို ငါတို့လွတ်မချနိုင်ခဲ့ဘူး
ဝေဖန်ပြစ်တင်ခံရတော့ မျက်နှာသာမပေးဘူးဆိုတဲ့စိတ်ကို ငါတို့လွတ်မချနိုင်ခဲ့ဘူး
အမုန်းခံ၊ အထားခံခဲ့ရတော့ မကျေနပ်တဲ့စိတ်ကို ငါတို့လွတ်မချနိုင်ခဲ့ဘူး
အဲဒီလွတ်မချနိုင်တဲ့ ခံစားချက်ထဲမှာပဲ ငါတို့တနုံ့နုံ့ခံစားကြတယ်
တကယ်တော့ အဲဒီခံစားချက်တွေကို လွတ်ချနိုင်ခဲ့ရင် အရာအားလုံး သစ်လွင်သွားပါလိမ့်မယ်။
(နိုင်းနိုင်းစနေ)
Sorry!
ကိုယ့်ကိုယ်ကို ဆောရီးလို့တောင်းပန်ပါ
ဘာမှန်း ညာမှန်းမသိ ဝမ်းနည်းကြေကွဲတတ်ခဲ့လို့ပါ
ကိုယ့်ကိုယ်ကို ဆောရီးလို့တောင်းပန်ပါ
တခြားလူကြောင့် ကိုယ့်ကိုယ်ကို သိမ်ငယ်အားငယ်စေခဲ့လို့ပါ
ကိုယ့်ကိုယ်ကို ဆောရီးလို့တောင်းပန်ပါ
ဟန်ဆောင်မှုတွေနဲ့ ကိုယ့်ကိုယ်ကို ပင်ပန်းစေခဲ့လို့ပါ
ကိုယ့်ကိုယ်ကို ဆောရီးလို့တောင်းပန်ပါ
အရာတော်တော်များများကို တန်ဖိုးထားရမှန်း နားမလည်ခဲ့လို့ပါ
ကိုယ့်ကိုယ်ကို ဆောရီးလို့တောင်းပန်ပါ
ခေါင်းမာတဲ့အကျင့်နဲ့ ကိုယ့်ကိုယ်ကို ထိခိုက်နာကျင်စေခဲ့လို့ပါ
ကိုယ့်ကိုယ်ကို ဆောရီးလို့တောင်းပန်ပါ
မမှားသင့်တဲ့အမှားနဲ့ ရှေ့ဆက်သွားခဲ့လို့ပါ
ဘဝက ရှေ့ဆက်ရဦးမယ်...
ကိုယ့်ကိုယ်ကို အပြုံးနဲ့ခွင့်လွှတ်နားလည်ပြီး
ခွန်အားနဲ့ ရှေ့ဆက်တိုးပါ....
(နိုင်းနိုင်းစနေ)
For me!
နင့်ကိုပေးတဲ့အချစ်တွေ မလုံလောက်ဘူးထင်ခဲ့ရင် ဆောရီးပါ
ငါ့ကိုယ်ငါချစ်ဖို့ နည်းနည်း ချန်ထားလို့ပါ
နင့်ကိုပေးတဲ့အချစ်တွေ မလုံလောက်ဘူးထင်ခဲ့ရင် ဆောရီးပါ
ထရပ်ဖို့အင်အားအတွက် ငါနည်းနည်းချန်ထားလို့ပါ
နင့်ကိုပေးတဲ့အချစ်တွေ မလုံလောက်ဘူးထင်ခဲ့ရင် ဆောရီးပါ
နင်ထားသွားတဲ့အခါ နာကျင်ဝမ်းနည်းမနေဖို့ ငါနည်းနည်းချန်ထားလို့ပါ
နင့်ကိုပေးတဲ့အချစ်တွေ မလုံလောက်ဘူးထင်ခဲ့ရင် ဆောရီးပါ
နင်မုန်းသွားတဲ့အခါ ငိုကြွေးမနေအောင် ပြုံးရယ်နိုင်ဖို့ ငါနည်းနည်းချန်ထားလို့ပါ
(နိုင်းနိုင်းစနေ)
self ur self!
တခြားလူရဲ့အကြည့်ကြောင့် ကိုယ့်ကိုယ်ကိုပြောင်းလဲတာမျိုး မဖြစ်စေနဲ့
ကိုယ့်ရဲ့ပျော့ညံ့ချက်တွေကိုလည်း ခဏခဏ ထုတ်မပြနဲ့
ကိုယ့်ရဲ့စိတ်ရှုပ်စရာတွေကိုလည်း ခဏခဏ ထုတ်မပြောနဲ့
ဘယ်သူကမှ သင့်ကို ကြာကြာသနားကရုဏာသက်လိမ့်မှာ မဟုတ်ဘူး
သင့်ကို အသုံးမကျသူလို့ပဲ ထင်ကြလိမ့်မယ်
ဘယ်အရာကိုမဆို ကိုယ့်ကိုယ်ကိုခံနိုင်ဖို့ လေ့ကျင့်ရတယ်
ဘယ်သူကမှ သင့်ကိုအမြဲ ကူညီနိုင်မှာ မဟုတ်လို့ပါ
ဘယ်ပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကို ကြံ့ခိုင်ဖို့ ကြိုးစားရတယ်
ဘာမဆို ကိုယ့်အားကိုယ်ကိုးရလို့ပါပဲ....
(နိုင်းနိုင်းစနေ)
Saturday, August 4, 2012
Here I Am
"Here I Am"
This is a crazy world
These can be lonely times
It's hard to know who's on your side
Most of the time
Who can you really trust
Who do you really know
Is there anybody out there
Who can make you feel less alone
Some times you just can't make it on your own
If you need a place where you can run
If you need a shoulder to cry on
I'll always be your friend
When you need some shelter from the rain
When you need a healer for your pain
I will be there time and time again
When you need someone to love you
Here I am, hmmm
If you have broken dreams
Just lay them all on me
I'll be the one who understands
So take my hand
If you reach emptyness
You know I'll do my best
To fill you up with all the love
That I can show someone
I promise you you'll never walk alone
Well if you need a place where you can run
If you need a shoulder to cry on
I'll always be your friend
When you need some shelter from the rain
When you need a healer for your pain
I will be there time and time again
When you need someone to love you
Here I am, oooo
Everybody needs somebody who
keep a heart and soul in two
Well if you need a place where you can run
If you need a shoulder to cry on
I'll always be your friend
When you need some shelter from the rain
When you need a healer for your pain
I will be there time and time again
When you need someone to love you
Here I am, Here I am
ဒိုင်ယာရီရဲ့နောက်ဆုံးစာမျက်နှာ
နှင်းစက်လက်တွဲခိုနေတဲ့
စံပယ်အိုလေးရေ…
ဒီလကွယ်ညမှာပဲ
ဆုတ်ကိုင်ထားတဲ့ လက်ချောင်းတွေကို
ဖြည်ချလိုက်ပါတော့။
တချို့လူတွေက
ဘဝမှာကြယ်တွေကြွေကျခဲ့သတဲ့
ငြိမ်သက်စွာခရီးနှင်ကြဦးပေါ့ကွယ်
ကိုယ့်မှာက…
နေတွေလတွေတောင် ကြွေကျခဲ့ဖူးပါတယ်။
သွားတော့မယ်နော်…
ကံကြုံရင်ပြန်ဆုံကြဦးမှာပေါ့လို့
ကံမကောင်းသူတို့ရဲ့
မှိုင်းညို့သောလမ်းခွဲ
ကျောက်စရစ်ခဲတွေ အပြိုင်းအရိုင်းကြဲနေတယ်။
(ဘာဖြစ်ဖြစ် ကိုယ့်အပြစ်ပါပဲ)
လေရိုင်းတွေ ဝိုင်းဝန်းတိုက်ခဲ့ကြတဲ့
မီးလျှံစတစ်ခုလို ပြာညိုယိမ်းထိုး
ပြက္ခဒိန်မှာတော့
နက်ဖြန်ခါဟာ နာမည်ဆိုးမရှိပါဘူး။
ဒါပေမယ့်…
လွမ်းဆွတ်နေသူတစ်ယောက်ရဲ့
ကြောက်မက်ဖွယ်ရာ အိမ်မက်များ
နှင်းဆီချွေရထားမှာ
စူးစူးဝါးဝါးဥဩဆွဲပစ်လိုက်တယ်။
ဒီည…
နောက်ည…
ဘယ်လိုမှ နိဂုံးချုပ်မရပါဘူး
ဘီလူးဖမ်းသလိုကြမ်းတဲ့လင်္ကာ
ငှက်ဆိုးတွေအိပ်မှ
တိတ်တဆိတ် ကိုယ်ရေးလိုက်ပါတယ်။
ပျော်ခွင့်မပိုင်သော
ဒိုင်ယာရီ နောက်ဆုံးစာမျက်နှာထက်၌
နတ်သူရူးတွေကြဲပက်တဲ့
ကောင်းကင်ဘုံက အက်ဆစ်တစ်စက်လို
ရှအက်ကြေကွဲ ရှ-အက်-ကြေ-ကွဲ…
မင်နီတွေ “ရဲ” လို့ပေါ့ကွယ်။ ။
တာရာမင်းဝေ
မိုး
ချစ်သူရေ…
ဟောဒီ ကောင်းကင်တစ်ရိုးက
ရေခိုးရေငွေ့အိုးကြီးကို
မိုးတိမ်လို့ ခေါ်ကြလေရဲ့။
ကိုရွှေမုတ်သုံလေက
သူ့ခြေထောက်ကို သူဂရုမစိုက်
အိုးကြီးကို တည့်တည့်ဝင်တိုက်တယ်။
အိုးကြီးလည်း ဗိုက်ပွင့် ကွဲကြေ
သေပါလေရော။
အိုးခြမ်းကွဲထဲကနေ
ရေစက်တွေ ရေစက်တွေ
ဝင်းဝင်းလက်လက်
လင်းတစက်စက် စီးဖြိုင် ညွှတ်ကျ။
ကျောက်ဆောင် ကျောက်မြေနဲ့
စောင့်နေတဲ့ ပင်လယ်အော်တွေလည်း
သွားရည်တမြမြ
ပါးစပ်ကြီးတွေ ပြဲလန်အောင် ဟ လို့ပေါ့။
အို ချစ်သူရေ…
ဟိုးအရှေ့မှာ မိုးတွေ ရွာပြီ။
လာ ရဲရဲလာ
ထီးရွက်တွေ မပါလည်း
လူဟာ ကိုယ့်ဖာသာ လျှောက်ရဲရမယ်ကွယ့်။
ငါတို့ရဲ့မိုး
ဂျိုးဂျိုး ဂျိမ့်ဂျိမ့် လှပ
သူ…
ရှိုက်ကြီးတငင် ရွာချပါစေလားကွယ်။
တာရာမင်းဝေ (မိုးခေါင်လို့ တီးတဲ့ဗုံသံ)
ချစ်သူသို့
ကံကြမ္မာက…
အနက်ရောင် လေးကိုင်းကြီးလွယ်ပြီး
ဆိုင်ထဲဝင်လာတယ်။
အခြားမှာ စားပွဲလွတ်တွေရှိရက်နဲ့
ငါတို့စားပွဲမှာ လာထိုင်ပြီး…
‘အိပ်မက်အသေတစ်ပွဲ’…လို့လှမ်းမှာတယ်။
နတ်ဆိုးအဝါတွေ
ပျံသန်းခုတ်မောင်းလာသံကိုလည်း ကြားရရဲ့။
ရင်ခွင်မှာ မီးတောက်တန်းလန်းနဲ့
မိုးတွေချုန်းအောင် သူတို့လွမ်းပြပလေ့စေ…။
မျက်တောင်ကလေးရေ…
မြေပြင်မှာ ကိုယ်နဲ့နေရစ်ခဲ့၊ မလိုက်နဲ့။
မြင်းသည်တော်တွေနဲ့…
ကျော်မတက်နိုင်တဲ့အရပ်ကို…
ငါတို့ပြေးထွက်ကြမယ်…
သစ်သီးခွံ သောက်ရေဘူးတစ်လုံးနဲ့…
ကောင်းကင်ဓါးသွား အဆုံးအထိ
ငါတို့စီးနှင်လိုက်ကြတာပေါ့။
ဒီမြေမှာ
ချစ်သောဝါးရနံ့တို့ လင်းသုန်နေကြပြီ…။
ငါဆောင်းချင်တဲ့ ထီးကလေးရေ…။
မိုးရာသီအတွက်
မကြာခင်မှာ တို့တွေထွန်ရေးဝင်ကြမယ်။
ရင်ကိုတောက်စားတတ်တဲ့ ကောက်ပဲသီးနှံများလို
ငါတို့လည်း အချင်းချင်း ဝင်းမှည့်တွယ်တာကြမယ်။
‘နက်ဖြန်ခါ’ဆိုတာ…
နေဝန်းက အသစ်ထပ်ရေးပေးတဲ့ ကဗျာပဲ
ဘယ်လိုလက်တွေကမှ ဆွဲမဖြဲနိုင်ဘူးကွယ့်။
သစ်အိုပင်အောက်က နတ်ကျွန်းမှာ
ဖယောင်းတိုင်မီးရှူးတစ်တိုင် ငြိမ်သက်ညှိထွန်းရင်း
ဒီဆောင်းတွင်းကို…
တို့တွေ အလင်းခိုပြီး စောင့်မယ်။ ။
တာရာမင်းဝေ
ဆက်ထုံး
‘အဝေးကြီး ဝေးစေရမယ်…’ တဲ့
ပင်လယ်က
သူ့တစ်ကိုယ်လုံးကို
ဖွင့်ပြီးပြေးတယ် ။
မီးပြတိုက်က …
ကဆုန်ပေါက်ပြီး ပြေးမလိုက်ပါဘူး။
သူ့အလင်းလဲ့မှုန်နဲ့
ပင်လယ်သားပေါက်ကလေးရဲ့ ဖွင့်ပွဲကို
… ပြည့်စုံစေလိုက်တယ်။
တာရာမင်းဝေ
ငါ့ရင်ခွင်ကြားကနှင်းဆီဓါးသွားတစ်လက်
(၁)
စမ်းရေပေါ်မှာတင်ပြီး စက္ကူလှေတို့ကို
နေ့စဉ်ရက်ဆက် ကျွန်တော်မျှောခဲ့ပါသည်။
ကျွန်တော့်အမည်နှင့် ကျွန်တော်ကျေးရွာကိုလည်း
စက္ကူလှေပေါ်မှာ စာလုံးနက်နက်ဖြင့် ရေးခဲ့သည်။
တစ်ကျွန်းသား၊ တစ်ပြည်သားတို့သည်
ထိုသို့ဖြင့်
ကျွန်တော့်ကို သိလာကြလိမ့်မည်ဟု မျှော်လင့်၏။
ခြံမှာပွင့်သည် ဆိတ်ဖလူးပန်းတို့ကိုလည်း
လှေငယ်ပေါ်မှာဆင့်တင် မျှောလွှတ်ခဲ့၏။
အရုဏ်ဦးမှာပွင့်သော ထိုပန်းတို့သည်
ညဥ့်အချိန်မှာတော့ ကမ်းကို ဆိုက်ရောက်လိမ့်မည်ဟု
ကျွန်တော်ထင်သည်။
ကောင်းကင်သို့ ဦးမော့ကြည့်သောအခါ
ဖြူဆွတ် ရွေ့မျောနေသော တိမ်ရွက်များကို
ကျွန်တော်မြင်၏။
ကျွန်တော်နှင့်ပြိုင်ရန် ကျွန်တော့် စက္ကူလှေများနှင့်ပြိုင်ရန်
ကစားဖော်တစ်ဦးဦးက
သူတို့ကို လွှတ်တင်လိုက်ခြင်းဖြစ်မည်။
မည်သူမှန်းတော့ ကျွန်တော်မသိချေ။
သန်းခေါင်ယံ၏ ကြယ်ရောင်ပျပျအောက်မှာ
ကျွန်တော့်လှေတို့သည် လွင့်မျှောလှပနေလိမ့်မည်။
ထိုသို့ပင် အတွေးနှင့် အိပ်ယာဝင်ဖြစ်သည်။
အိပ်မွေ့ချတတ်သော နတ်သမီးကလည်း
အိပ်မက်ခြင်းတောင်းကြီးများကို ပိုးကာ
ကျွန်တော့်လှေများနှင့်အတူ
ရွက်လွှင့်နေဦးမည်ဖြစ်သည်။
(၂)
ကျွန်တော်နှင့် တရွေ့ရွေ့နီးကပ်ရာသို့
မည်သည့်အချိန်မှ စတင်ပြီး သူ လာခဲ့ပါသနည်း။
ကျွန်တော် မသိခဲ့ချေ။
နေ၀န်းနှင့် ကြယ်ရှုးကြယ်ပျောက်များကလည်း
သူ့ကို ကျွန်တော်မမြင်အောင် သိုဝှက်နိုင်ခြင်းမရှိခဲ့။
နံနက်ဦးပေါင်းများစွာ၊ ညနေရီပေါင်းများစွာ
သူ့ခြေသံကို ကျွန်တော်ကြားနေရသည်။
ကျွန်တော့် နှလုံးအိမ်ထဲသို့
သူ့စေတမန် ၀င်ရောက်လာ၏။
ထို့နောက် ကျွန်တော့်ကို
တိတ်တိတ်ကလေး ခေါ်လေသည်။
ထိုသောနေ့မှာမှ အဘယ့်ကြောင့်
ကျွန်တော့်ဘ၀သည်
လှုပ်လှုပ်ယိမ်းယိမ်း ဖြစ်ရပါသနည်း။
ပျော်ပျော်လွင့်လွင့် တုန်ရီခံစားမှုတို့ကလည်း
အဘယ့်ကြောင့် ကျွန်တော့်နှလုံးအိမ်ကို
ဖြတ်ဖောက် စီးဆင်းသွားပါသနည်း။
ကျွန်တော်မသိချေ။
အိမ်ပြန်ရမည့် အချိန်မှာပင်လျှင်
လေမှာစီးပျံ့သော ချစ်သူရနံ့ကို သန့်သန့်ကလေး
ရနေလေတော့၏။
(၃)
သူ့အမွှေးရနံ့နှင့်သူ ရူးသွပ်ပြီး
တောကြီးမျက်မည်းမှာ ပြေးလွှားနေရသည့်
ကတိုးကောင်လို
ကျွန်တော်လည်း ပြေးလွှားနေမိ၏။
ထိုညသည် မေလ ညတစ်ညဖြစ်၏။
ပြေညင်းသော လေကလည်း
တောင်အရပ်မှ စီးဝင်တိုက်ခတ်လာ၏။
ဝေ့လည်ဝဲချာပြီး
ကျွန်တော် လမ်းပျောက်သွားတော့သည်။
ကျွန်တော်သည်
မရနိုင်တာကို ရှာဖွေပြီးသည်နောက်
မရှာဖွေတာကို ရရှိခဲ့သည်။
ကျွန်တော် တစ်ကိုယ်ရေ နှလုံးသားနိမိတ်ပုံများသည်
မြူးတူးခုန်ပါက်နေကြ၏
စူးလက်ပြိုးဝင်းနေခဲ့၏။
ဖမ်းဆုပ်ကိုင်တွယ်ဖို့ ကျွန်တော် ကြိုးစားသော်လည်း
လွတ်ချော် ထွက်မြောက်သွားခဲ့၏။
မှားသောလမ်းသို့ ခေါ်ပို့သည်။
ကျွန်တော်သည် မရနိုင်တာကို ရှာဖွေပြီးသည့်နောက်
မရှာဖွေတာကို ရရှိခဲ့သည်။
(၄)
ချစ်သူကသာ ခွင့်ပြုမည်ဆိုလျှင်
ကျွန်တော်တေးသွားကို
ရပ်ထားလိုက်ပါမည်။
ချစ်သူ နှလုံးအိမ်ကို ရုန်းကစေမည်ဆိုလျှင်
ကျွန်တော့်မျက်လုံးများကို
သူ့မျက်နှာမှ အဝေးသို့ ဖယ်ခွာပေးပါမည်။
ကျွန်တော်ရှိနေသည့် အတွက်ကြောင့်
ချစ်သူသည် သွားလမ်းမှာ ပင်ပမ်းရသည်ဆိုလျှင်
ဘေးဘီကို ရောက်သည်အထိ
အခြားလမ်းမှ ကျွန်တော် လျှောက်ပါမည်။
ချစ်သူ ပန်းကုံးသီရန်
အနှောင့်အယှက် ဖြစ်ရသည်ဆိုလျှင်
သူ ပန်းတောမှ ဝေးရာသို့
ကျွန်တော် ယို့ယိမ်းထွက်ခွာပေးပါမည်။
ချစ်သူ ရေပြင်အလျင်ကို
လှိုင်းတို့ဖြင့် တိမ်းမှောက် ပျို့အန်စေသည်ဆိုလျင်
သူ ကမ်းခြေမှ
ကျွန်တော့် လှော်တက်ကို လွှတ်ချလိုက်ပါမည်။
(၅)
မီးအိမ်ကားငြိမ်းခဲ့ပြီ။
အဘယ်ကြောင့်ပါနည်း။
ပြင်းရှစွာတိုက်ခတ်နေသောလေမှ
လူးလွန့်လွတ်မြောက်နိုင်ရန်အတွက် ၀တ်ရုံကိုဖြန့်ပြီး
သူ့အတွက်
ကျွန်တော် ကွယ်ကာ ပေးခဲ့သည်။
ထို့ကြောင့်ပင်လျင်
မီးအိမ်ကားငြိမ်းခဲ့ရ၏။
မုံပန်းကား နွမ်းခဲ့ပြီ။
အဘယ်ကြောင့်ပါနည်း။
ကျွန်တော် နှလုံးအိမ်အတွင်းမှာ
ချစ်မြတ်စွာ သူ့ကို
ဖိကပ် သိမ်းဆည်းထားခဲ့၏။
ထို့ကြောင့်ပင်လျင်
မုံပန်းကား နွမ်းခဲ့သည်။
စမ်းရေကား ခမ်းခဲ့ပြီ။
အဘယ်ကြောင့်ပါနည်း။
သူ့ရေစီးကြောင်းကို ဖြတ်တောက်ကာ
ကျွန်တော့်အတွက် ရေကာတာ တစ်ခုတည်ဆောက်ခဲ့၏။
ထို့ကြောင့်ပင်လျင်
စမ်းရေကား ခမ်းခဲ့သည်။
စောင်းကြိုးကား ပြတ်ခဲ့ပြီ။
အဘယ်ကြောင့်ပါနည်း။
ဤစောင်းကား မတတ်မြောက်သော ဂီတကို
ကျွန်တော့်အတွက် ဆွတ်ယူခြွေချခဲ့ပါ၏။
ထို့ကြောင့်ပင်လျင်
စောင်းကြိုးကား ပြတ်ခဲ့သည်။
(၆)
ကျွန်တော် ရွက်လွှင့်ထွက်ခွာရတော့မည်။
ကြေကွဲ လှိုက်မောဘွယ်ရာ ကာလများသည်
ကုန်းမြေပေါ်မှာ ပဲ့ကြွေကျန်ရစ်ခဲ့ပြီ။
နွေဦးရာသီသည် ပန်းတို့ကိုပွင့်အောင်
ဖွင့်ပေးခဲ့သည်။
ယခုကား အနားယူလေပြီ။
ကျွန်တော့်မှာသာ ရင့်ရော်သော ပန်းတစ်ဆုပ်နှင့်
အိမ်မပြန်နိုင် ဖြစ်ရသည်။
လှိုင်းတွေက ညိုးညံရိုက်ဟီးလေပြီ။
ကမ်းပါးကို သွယ်ပတ်ထားသည့်
သစ်ရိပ်ဝေေ၀ လမ်းကလေးတွင်လည်း
ရော်ရွက်တို့ ပြုတ်ကျလာပြီ။
မိတ်ဆွေဘာကြောင့် ငေးငိုင်နေပါသနည်း။
သင့်အကြည့်တို့က ဘယ်ဆီမှာ စိုက်ဝင်နေသနည်း။
ကမ်းတစ်ဖက်ဆီမှမျောလာသောအဝေးတေးသံနှင့်
လေထုမှာ စိုးဆွတ်ပါဝင်လာသည့်ရင်ခုန်သံကို
သင်…
မခံစားရလေသလော…
(၇)
နေ၀င်တော့မည်။
အရိပ်တို့လည်း မြေဆီမှာ ညွတ်တွားကြပြီ။
ချောင်းသို့သွား၍ ခရားတွင် ရေဖြည့်ရန်
ကျွန်တော့်အတွက်တော့ အချိန်တန်ပြီ။
ညနေခင်းလေသည်
ချောင်းရေ ဂီတမှုန်ရီကို ခုံမင်နေ၏။
ကျွန်တော့်ကို
နေ ရွှေခြည်မျှင်ထဲသို့ တိုးဝင်ရန် ခေါ်နေ၏။
တိတ်ဆိတ်သောလမ်းမှာ
လာသူ သွားသူတို့ မရှိကြချေ။
လေထန်၏။
မြစ်ထဲမှာ လှိုင်းတွေ ဝေ့လိပ်ချီကြွနေ၏။
အိမ်သို့ ပြန်နိုင်ပါမည်လော။
မည်သူနှင့် ဆုံတွေ့ခွင့် ရနိုင်မည်ကိုလည်း
ကျွန်တော်မသိ။
ရေတိမ်ဆိပ်မှ လှေငယ်တစ်စင်းပေါ်မှာ
အမည်မသိသူ တစ်ယောက်က
ပုလွေသံကို ပေးနေလေသည်။
(၈)
ဦးညွှတ်ကာ
အားလုံးကို ကျွန်တော်နှုတ်ဆက်ခဲ့ပါသည်။
ညီအစ်ကိုတို့
ကျွန်တော့်အားလည်း မေတ္တာပို့ကြပါလေ။
ဟောဒီမှာ
ကျွန်တော့်ရဲ့ အိမ်သော့ကို ပြန်ပေးခဲ့ပါပြီ။
ပိုင်ဆိုင်ရာအားလုံးကိုလည်း စွန့်ခဲ့ပါပြီ။
ကြင်နာခြင်းနှင့် ပြန်လည်နှုတ်ဆက်ခြင်းကိုသာ
သင်တို့ထံမှ တောင်းဆိုလိုပါသည်။
ကျွန်တော်တို့သည် အိမ်နီးချင်းများအဖြစ်
နှစ်ပေါင်းကြာခဲ့၏။
ကျွန်တော်ကားအပေးထက်၊ အယူများခဲ့သည်။
နံနက်ခင်း အလင်းသည်
ကျွန်တော်ထွန်းသော အမှောင်ထောင့်ချိုးမှ
မီးအိမ်ကို ငြိမ်းစေ၏။
ခေါ်သံကို ကြားရလေပြီ။
ကျွန်တော်သည်လည်း
သွားရန် အသင့်ဖြစ်ချေပြီ။
(၉)
အိုဘုရားသခင်
စိတ်အာရုံအစဉ်တို့၌ စီးဝင်ကာ
လောကကို သင့် ခြေတော်ရင်းမှာ
ထိတွေ့ရပါလို၏။
ကျွန်တော် ဦးနှိမ်ချပါ၏။
အိုဘုရားသခင်
စီးသွယ်ခြင်းမရှိသော မိုးရိပ်များဖြင့်
နိမ့်ဝပ်တွဲခိုသော ဂျူလိုင်တိမ်တစ်ဆုပ်လို
ကျွန်တော့်စိတ်နှလုံးသည် သင့်တံခါးဝတွင်
တွဲခို ရပါလို၏
ကျွန်တော်ဦးနှိမ်ချပါ၏။
အိုဘုရားသခင်
ကျွန်တော်
ဂီတရစ်သမ်အထပ်ထပ်ကို
တစ်ခုတည်းအဖြစ်
ရုန်းစုသွယ်ဆက်ကာ တိတ်ဆိတ်သောပင်လယ်မှာ
စီးပျော် ၀င်ရောက်ရပါလို၏။
ကျွန်တော်ဦးနှိမ်ချပါ၏။
အိုဘုရားသခင်
တောင်ပေါ်မှာ
မိမိ အသိုက်ရှိရာသို့
နေ့ရော ညပါ
ပျံသန်းလိုက်ပါလာသည့် ကြိုးကြာအုပ်နှယ်
ကျွန်တော့်ဘ၀သည်လည်း
နားခိုရာဆီ ခရီးဆက်နိုင်ရပါလို၏
ကျွန်တော် ဦးနှိမ်ချပါ၏။
ကျွန်တော် … ဦးနှိမ်ချပါ၏။
တာရာမင်းဝေ
သင်းကွဲသူများ
ဒီဆံမျှင်မှာ
နှင်းဆီတွေမှ မဖူးပွင့်တော့ဘဲ
မေ့ထားလိုက်ပါတော့ ကလေးရယ်
အလင်္ကာတွေကိုလည်း ကိုယ်ကပဲ မှုတ်ငြိမ်းစားလိုက်ပါ့မယ်
တစ်ယောက်က တစ်ယောက်ရဲ့အလင်းဖြစ်ချင်ကြ
တစ်ယောက်က တစ်ယောက်ရဲ့ မီးအိမ်ဖြစ်ချင်ကြ
အခုတော့လည်း အားလုံး ဆုံးလျသွားပါပြီ
သွားတော့ ဘေဘီ
ဟိုးမှာ
ညနေခင်းကတောင် ငွေ့ရည်ဖွဲ့နေပြီ။
နှုတ်ဆက်ကြရအောင် အချစ်ရယ်
တို့ရဲ့ အတွေးအခေါ်က လင်းညိုခဲ့ပြီမို့လား
ကျောခိုင်းသွားကြရတယ်ဆိုပေမယ့်
တကယ်တော့ တစ်လမ်းတည်းပါပဲ
(အဲဒါကြောင့် ပိုဝေးတယ်လို့တောင် ထင်ကြရရဲ့)
ကိုယ့်ကို သတိရရင် ကဗျာလေးတွေ ရေးပါ
စိတ်အလျင်နဲ့ရေးထားတဲ့ ကဗျာလေးတွေက
မင်းကို စုန်းမီးတောက်ပြပါလိမ့်မယ်
ခုတော့ ကိုယ်တစ်ယောက်တည်း
အေးလေ… မင်းလည်း တစ်ယောက်တည်းပါပဲ
ကဲ… ခွဲကြစို့
နှုတ်ဆက်ခဲ့ပါတယ် အချစ်ရယ်…။
တာရာမင်းဝေ
ကြိုက်မိသောတာရာမင်းဝေ၏စာစုများ
ကျွန်တော် ရေလိုစီးခဲ့ပါသည်။ အကွေ့အကောက်များစွာကို ဖြတ်သန်းခဲ့ပါသည်။ ကြည်လင်စွာစီးခဲ့ပါသည်။ သို့သော်… ကျွန်တော့်ကျောပေါ်တွင် အမှိုက်သရိုက် တချို့လည်း ပါလာနိုင်ပါသည်။
ခွက်လွတ်တစ်လုံးကို ကျွန်တော်ကြည့်သည်။ အထဲမှာ ဘာမှမရှိသောကြောင့် သူ ခွက်လွတ်ဖြစ်နေသည်။ ထိုဘာမှမရှိသော နေရာကပင် အသုါံ်ဝင်လှသည်။ ကျွန်တော်လည်း “ဘာမှမရှိသော နေရာ” ဖြစ်ချင်သည်။ ဘယ်ခွက်ထဲသို့ ၀င်ရမည်နည်း။
“လောကသစ္စာ” ကို ကျွန်တော်တွေ့ချင်ပါသည်။ သူ့နောက်ကို ကျွန်တော်လိုက်၏။ သို့သော် သူ့မှာ “ကျော” မရှိချေ။ သူ့ကို ကျွန်တော်ရင်ဆိုင်၏။ သို့သော် သူ့မှာ “ရင်ဘတ်” မရှိချေ။ “လောကသစ္စာ” ကို ကျွန်တော် လိုက်မရှာတော့ပါ။ နေရာမှာ ပဲရပ်နေလိုက်ပါသည်။ အကယ်၍ သူက ကျွန်တော့်ကို လာရှာလျှင် လွယ်ကူရန်ဖြစ်ပါသည်။
ကျွန်တော်သည် ပညာရှင်ကြီး မဖြစ်ချင်ပါ။ အလွမ်းတွေထဲမှာ ပညာနှင့်ယှဉ်၍ ဖြစ်ပေါ်သော အလွမ်းသည် အဆိုးဝါးဆုံး ဖြစ်ပါသည်။
အိပ်မက်များစွာကို ကျွန်တော် မက်ဖူးပါသည်။ ထိုအိပ်မက်များကို ဖမ်းဆုပ်ကိုင်တွယ်၍ မရပါ။ ကျွန်တော် ကြိုးစားဖူးပါသည်။ ဖမ်းဆုပ်ကိုင်တွယ်၍ ရဖူးပါသည်။ သို့သော် … ထိုဖြစ်ရပ်ကပင်လျှုင် နောက်ဆုံးမှာ အိပ်မက်ဖြစ်နေပါသည်။
ကျွန်တော် ထွက်သွားဖူးပါသည်။ ဝေးရာကို ထွက်သွားဖူးပါသည်။ ပို၍ဝေးရာကို ထွက်သွားဖူးပါသည်။ မူလနေရာသို့ပင် ပြန်ရောက်လာပါသည်။ “မေမေ” ဟု ကျွန်တော် အော်ခေါ်လိုက်ပါသည်။
အချို့သူများသည် ကြိုးနှင့်ချည်နှောင်တတ်၏။ အချို့သူများက ကြိုးမပါဘဲ ချည်နှောင်တတ်သည်။ ကျွန်တော်ခံခဲ့ရဖူးသည်။
အခြားသူများကို နားလည်တတ်ရန်ထက် ကိုယ့်ကိုယ်ကိုယ်နားလည်ရန် ခက်၏။ ကျွန်တော့်ကိုယ် ကျွန်တော် မကြာခဏ ပြောဖူးပါသည်။ “မင်းက.. ဘာကောင်လဲ ?…”
အသီးအတွက် နေထိုင်သူသည် အပွင့်အတွက် မဟုတ်ချေ။ ပန်းသီးပင်ရှေ့မှာ ကျွန်တော် တွေဝေစဉ်းစားနေပါသည်။
အကျယ်ပြန်ဆုံးသော နေရာသည် ထောင့်ချိုးများ မရှိ…။ ကျွန်တော်၏ ကိုယ်ရေးကိုယ်တာ ထောင့်ချိုးများသည်… ကျွန်တော့် မကျယ်ပြန့်မှုကြောင့်ပဲ ဖြစ်ပါလိမ့်မည်။
ကျွန်တော် မက်ခဲ့ဖူးသော အိပ်မက်တို့ များလှပါပြီ။ လူငယ်တစ်ယောက်အတွက် လုံလောက်ပါပြီ။ တော်ပါပြီ။ ကျွန်တော်ပြောသော်လည်း သူတို့မကြားကြ။ အိပ်မက်များစွာ လာမြဲလာ သည်။
ကျွန်တော့်မှာ ရှိသမျှအကုန်လုံး ပျောက်ဆုံးသွားဖူး၏။ သတင်းစာထဲမှာ ကြော်ငြာမထည့်ဖြစ်ပါ။ ကျွန်တော် ငြိမ်းချမ်းသွားပါသည်။ ဘာမှမရှိသဖြင့် ဘာမှလုပ်စရာမလိုတော့။
ကျွန်တော် မုဆိုးမဟုတ်ပါ။ လေးနှင့်မြှားကို မထုတ်လုပ်ပါ။ အချို့နေရာများတွင် ရှိကြသော “ပစ်မှတ်” များသည် ကျွန်တော့်အတွက်မဟုတ်ကြပါ။
လိုချင်သောအခါ ကောက်ယူရ၏။ မလိုချင်တော့သောအခါ ပြန်လွှင့်ပစ်ရ၏။ အစကတည်းက မယူခဲ့လျှင် အကောင်းသား။ အခုတော့ “အား” နှစ်ခါ ကုန်ရသည်။
ကျွန်တော့်ကို ဘယ်သူချည်နှောင်ခဲ့သည် မသိ။ ဘယ်တုန်းက ချည်နှောင်ခဲ့သည် မသိ…။ ကျွန်တော့်မှာ ဖြည်လိုက်ရတာ။ ( ခုတိုင်… မလွတ်မြောက်သေး )
အစွန်းမရောက်အောင်တော့ ကိုယ့်ကိုယ်ကိုယ် ထိန်းနိုင်ပါပြီ။ သူများအစွန်းနှင့် လွတ်အောင်တော့ ကိုယ်မနေတတ်သေး။ ကောင်းကင်နှင့် မြေကြီး ကြားညပ်နေသော ကောင်လေးကို ဆွဲထုတ်ပေးကြပါ။
ကိုယ့်ကိုယ်ကိုယ် ဒိုင်းနှင့်ကာထားပြီးမှ သူတစ်ပါးကို ဓါးနှင့် ရွယ်ရဲသူ၊ ထိုလူနှင့် ကျွန်တော် လမ်းမတူ။
ကျွန်တော့်ကို ရိုကမျိုးနှိမ့်ချစွာ ဆက်ဆံလာသူများ ရှိပါသည်။ ကျွန်တော်က ဘာကောင်မှ မဟုတ်၍ သူတို့ အရှုံးထွက်ကြလိမ့်မည် ထင်သည်။ တစ်ခုတော့ရှိသည်။ အချို့လူများသည်.. “လိုအင်” တစ်ခုအတွက် နှိမ့်ချခြင်းမဟုတ်။ သဘာဝအတိုင်း နှိမ့်ချခြင်းသာ ဖြစ်သည် ။ သူတို့ကတော့ မြတ်လိမ့်မည်။
“ပြီးတာတွေ ပြီးပါစေ” ဟု သမားတော်က ကျွန်တော့်စိတ်ကို ကု၏။ ဝေဒနာပျောက်သောအခါ ကျွန်တော် သူ့ကို ဆေးဖိုးဝါးခမပေး။ သူ ဒေါသထွက်သောအခါ “ပြီးတာတွေ ပြီးပါစေ” ဟု ကျွန်တော် ပြန်ဖျောင်းဖျလိုက်၏။ ကြေပြီ။
အချို့လူများ ကျွန်တော့်ကို ရှေ့မှာကာထား၏။ အချို့လူများ ကျွန်တော့်ကို ကျော်တက်သွား၏။ ချောက်ကမ်းပါးကို ရောက်မှ ကြောက်အားနှင့် လှည့်ပြန်၊ ကျွန်တော် နှင့်တစ်ဖန် လူချင်းလဲ ကြပြန်။
သူဋ္ဌေးကြီးလက်ထဲမှ ပြားစေ့သည်လည်း သူတောင်းစား လက်ထဲမှ ပြားစေ့နှင့် တန်ဖိုးညီသည်။
ကျွန်တော်စိုက်သော နှင်းဆီပင်ကလေး သေသွားပြီ။ ခြောက်သွေ့သွားပြီ။ ကျွန်တော်က ရှင်သန်ရဦးမည် ဖြစ်၏။ လောကကြီးမှာ စိမ့်စိုရပ်တည်ရချေဦးမည်။
ဘ၀မှာ လေပြည်ကိုချည်း မျှော်လင့်စရာမလိုပါ။ မုန်တိုင်းမှာ လည်း အောက်ဆီဂျင်ပါလေသည်။
ရစ်သမ်လေးတစ်ခု့
(၁)
ကိုယ်မြင်းကိုယ်စိုင်းတာပဲ
စစ်ကိုင်းဟာ
စကြဝဠာအပြင်မှာဆိုရင်လည်း
ရောက်အောင်သွားမယ်
(၂)
ကိုယ့်လှေကိုယ်ထိုးတာပဲ
ပဲခူးဟာ
သမုဒ္ဒရာရဲ့ အခြားတစ်ဖက်မှာဆိုရင်လည်း
ရောက်အောင်သွားမယ်
(၃)
ကိုယ့်ဘဝကိုယ်ဆောက်တာပဲ
ပါးနွဲ့တဲ့ဆပ်ပြာပူဖောင်းကလေး ဖြစ်ခဲ့ရင်တောင်
နောက်ဆုံးအချိန်ကျမှ
ထစ်ချုန်းသံလှလှနဲ့
ပေါက်ကွဲပြသွားမယ်။
တာရာမင်းဝေ
ကျောင်းတော်ကသူငယ်ချင်း
လွမ်းတယ်ကောင်မလေးရယ်. .
ဘယ်ကဗျာတွေဆီကိုပဲရောက်ရောက်
နင်ရဲ့စိတ်ကို တံခါးလှမ်လှမ်းခေါက်မိတယ်. .
ငါကိုငါလွယ်အိတ်လို ဆွဲဖြဲဖူးပါရဲ့
ဒါပေမယ့် ကျောင်းတော်ကဖြင့်
အခုထိမြူပြာတွေထဲမှာ ပွင့်နေတုန်း. . .
ချစ်ခြင်းတရားဟာ
ငါ့အတွက်တော့ တချို့ခေါင်းလောင်းကြိုးတွေလိုပဲ
ဘယ်လိုဆွဲဆွဲ တံခါးကပွင့်မလာခဲ့ဘူး
ဒီအရွယ်မှ ဆောင်းဦးပေါက်မိတာလည်း
မထူးတော့ပါဘူး . . .
အစကတည်းက
သူငယ်ချင်းဆိုတာ . . . ဆွတ်ခူးဖို့မှမဟုတ်ဘဲ……..။
တာရာမင်းဝေ
နှစ်ချို့ကော်ဖီ
နှစ်တွေကြာခဲ့ပေါ့
ဒီလောက် လောင်မီးကျခဲ့တာတောင်
အဲဒီ မျက်နှာလေးက
ငါ့အတွက် တသွင်သွင် လှပနေတုန်းပဲ။
အနမ်းတွေ ..
ငါ့အတွက်မို့ ရွာသူ ဖမ်းစားတာ ခံရလေတယ်
မြင်းတစ်ကောင်မှ မက တဲ့ ရထားလုံးအိမ်ထဲမှာ
ငါ .. ဘယ်ကိုပြေးမလဲ ..
ကိုယ့်ကိုယ်ကို တစ်ပွင့်ချင်း ပြန်ခူးကြည့်တော့လည်း
ဆူး … စူးတာပါပဲ
စားပွဲစွန်းက ဖန်ခွက်လို
ထောင်းလမောင်းကြေကျကွဲပြန်တယ် နှင်းဆီစော်နံတယ်
အချစ်ဟောင်းရေ
ကိုယ်လှေစီးကြောင်းတွေလည်း ပြောင်းပြန်စီးမျောခဲ့ပေါ့
လွန်လေပြီးသော စနေနံနက်တစ်ခုကို လွမ်းမြ ရီဝေရင်း
………………. ……………… ……………
(ဒီကဗျာကို ကိုယ်ဆက်မရေးချင်တော့ဘူး)
မင်း… ချမ်းမြေ့ပါစေ ..။ ။
တာရာမင်းဝေ
စွန့်လွှတ်အချစ်
နှစ်ကိုယ်တူ…ကြည်ဖြူစွာ
ချစ်ခဲ့ကြတုန်းတော့
မိုးမမြင်လေမမြင်ပေါ့…..
ကြားလေသွေးလို့တောင် မယိမ်းခဲ့တဲ့ တို့ဘ၀တွေ
ချစ်သူနှစ်ဦးတွေ့မိချိန်တိုင်း ပျော်ရွှင်မဆုံးပေါ့….
မှုန်ရီမှိုင်းနေတဲ့ တိမ်ဆိုင်တွေတောင်
တို့နှစ်ဦးရဲ့ ပျော်မြူးခြင်းထဲ
လိုက်ပါစီးဆီးရင်းနဲ့…
တောက်ပတဲ့ အလင်းရောင်တချို့ကိုတောင်
အချစ်လက်ဆောင်အဖြစ်ပေးခဲ့သေးတယ်..
သဘောထားဆိုတဲ့ အတိမ်အနက်ကို
လုံလုံလောက်လောက်နားမလည်နိုင်ခဲ့လို့လား
ဂုဏ်ဒြပ်တွေရဲ့ ခိုင်းနှိုင်းခြင်းကြောင့်လား
တို့နှစ်ဦးရဲ့ အချစ်…လွင့်ပျောက်ဖို့ ပြုလာတယ်..
ငါလေ…အရာရာကို အကောင်းတိုင်းမြင်ခဲ့လို့
ငြူစူခြင်းတောင် မပြုခဲ့ပါဘူး….
ပြင်မရတဲ့အမှားတစ်ခုကို….သေသေချာချာ မင်း မစဉ်းစားခဲ့လို့လား
ငါ့ရဲ့ ချို့ယွင်းချက်ကြောင့်လား….
ဝေဖန်သုံးသပ်ဖို့တောင် အချိန်လေး မပေးခဲ့တဲ့
ဒီ ခဏတာအတွင်းမှာပဲ..
ငါ့ရဲ့ အချစ်တွေ..မင်းရဲ့
ပကာသန မက်မောမှုထဲ မလိုက်ပါနိုင်ခဲ့လို့လား..
မင်းငါ့ကို လှလှပပလေး..စွန့်ခွာခဲ့တယ်နော်..
ငါ မသိလိုက်ပါဘူး…
မင်းစိတ်ထဲစွဲနေမှာပေါ့……
ငါ နုံအ ခဲ့တယ်…
မင်းစိတ်ထဲစွဲနေမှာပေါ့..
ငါ စွံအ နေခဲ့တယ်..
မင်းစိတ်ထဲ စွဲနေမှာပေါ့..
တကယ်တော့….ငါဟာလေ..
ကြီးမြတ်တဲ့အချစ်ကို ကိုးကွယ်မိသူတစ်ယောက်ပါ
ပုံအပ်ပြီးချစ်ခဲ့ပေမဲ့…
ငါ ပြန်ရလိုက်တာက
မင်းရဲ့ ပကာသန ခွဲခြားမှုအောက်မှာ
ကျရှုံးခဲ့ရလို့……
မင်းအတွက်..ငါ့ အချစ်ကို
ငါစတေးခဲ့ရတာပါကွာ…
တကယ်တော့…..
မင်း စိတ်ပြောင်းလို့..
ငါ့ရင်ခွင်ကို ခုံလှုံမယ်ဆိုရင်လေ..
ငါ ……
လောကကြီးကို ..အော်ဟစ်ပြီးပြောလိုက်ချင်ပါတယ်.
ဘယ်သူတွေဘာပြောပြော..
ကျွန်တော့်ချစ်သူကို
ကျွန်တော် စွန့်လွှတ်ခြင်းနဲ့….စွဲမြဲစွာ
ချစ်ခဲ့တယ်လို့ အော်ဟစ်မိမှာပဲ……
(ဂျူး)
“ သူငယ်ချင်း ”
“ သူငယ်ချင်း ”
မင်းရဲ့ ပြဿနာတွေအားလုံးကို ငါရှင်းပေးနိုင်မယ်လို့တော့ ကတိမပေးနိုင်ပါဘူး
ဒါပေမယ့် မင်းတစ်ယောက်တည်း အဲဒါတွေကို ရင်မဆိုင်စေရဘူးလို့တော့ငါ ကတိပေးနိုင်တယ်
--------------------------------------------
အရမ်းကြိုက်တဲ့စာသားလေးတစ်ခုပါ ။ သူငယ်ချင်းဆိုတာ အားလုံးကို ဖြေရှင်းပေးနိုင်ရမယ်လို့မဆိုလိုဘူး ဒါပေမယ့် တစ်ခုခုဖြစ်လာပြီဆိုရင်ရှောင်ပြေးမသွားပဲ ကိုယ်နဲ့ တန်းတူရင်ဆိုင်ပေးနိုင်စွမ်းရှိတဲ့သူကိုခေါ်တယ် ။ 
နင်...မငိုပါနဲ့ကွယ်
နင်...မငိုပါနဲ့ကွယ်
မငိုပါနဲ့ကွယ်...
ကြယ်တွေကြွေနေသရွေ့
နောင်တစ်နေ့နေ့မှာတော့...
ငါတို့..ခဏ...ပြန်ဆုံကြဦးမှာပါ
နေ့ရက်တွေကို
အလွမ်းစာမျက်နှာတွေပေါ်မှာ သီကုံးလို့
နင်ပြုံးပြုံးလေးနေပေးပါ
နင့်အတွက်..အသက်ထက်ဆုံးပေးဆပ်မဲ့
ငါ့ကဗျာ..ခပ်အက်အက်တွေမှာ
နှင်းဆီတချို့...ငါပျိုးထားတယ်
ထိပ်ထားရယ်....
နင်မငိုပါနဲ့ကွယ်...
နင်ငိုရင်...ငါ့ရင်ထဲ တိမ်တွေပြိုလို့
ဆို့နင့်ခဲ့ရတဲ့ ရှိုက်သံတွေ
နင်ပြောသလိုပေါ့...
ငါက..နင်မနှင်ရင်
ထွက်သွားပိုင်ခွင့်မရှိတဲ့ကောင်ပါ
မငိုပါနဲ့ကွယ်...
ငါ့ကဗျာတွေက..
နင့်အတွက်..အာဟာရဖြစ်မယ်ဆို
နှစ်ခြိုက်စွာ သောက်သုံးလှဲ့
ငါတို့အတူတူ..ပျောက်ဆုံးမယ့်နေ့ရက်တွေ
ရောက်မလာပါစေနဲ့....
မငိုပါနဲ့ကွယ်...
ငါတို့ပြန်ဆုံမယ့်ညနေမှာ
နင့်အတွက်ကဗျာတွေ
ငါရွတ်ပြချင်သေးတယ်
နင့်အတွက် အလွမ်းတွေ
သီကုံးဖွဲ့ဆိုချင်သေးတယ်
နင့်အတွက်သတိရခြင်းတွေ
တယုတယ..ပျိုးချင်သေးတယ်
နင်...မငိုနဲ့ကွယ်
အိပ်မက် ... နတ်သမီး
အိပ်မက် ... နတ်သမီး
နင်ပြောခဲ့တဲ့ ပုံပြင်တွေထဲကလိုပေါ့
ချစ်သူကို လွမ်းဆွတ်လွန်းလို့
ကောင်းကင်ကိုမျှော်လင့်ချက်တွေထုပ်ပိုး...
ပေါ်လာနိုး...ပေါ်လာနိုး...
ငါ..စောင့်မျှော်ရင်း..အာရုံလည်းပျိုးခဲ့ပြီ
နင်ရေးဖွဲ့တဲ့ကဗျာတွေထဲကလိုပေါ့
အလွမ်းတွေကို ရှောင်ပုန်းမရတဲ့အခါ
လက်နှစ်ဖက်ကိုဆန့်တန်း
ငါက ... အလွမ်းတွေ လာစမ်းဆိုပြီး
သမုဒယတွေ စိုက်ပျိုးတယ်
အခါမလပ်...သတိရခြင်းအချို့နဲ့
ပြာရီမှိုင်းညို့ မိုးတွေသည်းတယ်
ဟိုး....မှာ...ကြယ်တွေ
အစင်းစင်းကြွေလို့
ဧဒင်ဥယျာဉ်ကြီးထဲ..နင့်လက်ကိုတွဲ
ငါ ရေးဖွဲတဲ့ကဗျာတွေ ရွတ်ပြချင်တယ်
အိပ်မက်ထဲတော့ နင်ခဏလာလှဲ့
ခမ်းနားခြင်းအချို့နဲ့ စူးနစ်ခိုင်မြဲ....
နင်ဟာငါ့ရဲ့ အိပ်မက်နတ်သမီးပေါ့ကွယ်
နောင်တစ်နေ့နေ့ပေါ့...
နောင်တစ်နေ့နေ့ပေါ့...
နောင်တစ်နေ့နေ့ပေါ့...
ငါက...နင်နဲ့ဆုံချင်သေးတယ်
ငေးကြည့်ခွင့်လေးက တခဏတာဆိုပေမယ့်
ငါ့အတွက်က တစ်ဘ၀စာပါ...
နင့်ရဲ့သဏ္ဍာန်...နင့်ရဲ့အသံ..
ငါရူးသွပ်ခဲ့တဲ့...နင့်ရဲ့ဟန်
နောင်တစ်နေ့နေ့ပေါ့....
ငါက...နင်နဲ့ဆုံချင်သေးတယ်
စက္ကန့်ပိုင်းပဲဖြစ်ပါစေ..
အရာအားလုံးဟာ တိတ်ဆိတ်ငြိမ်သက်...
နိုးတ၀က်..အိပ်တ၀က်အသိဥာဏ်ထဲ
ပျော်ဝင်စူးနစ်လို့....
နောင်တစ်နေ့နေ့ပေါ့...
ငါက...နင်နဲ့ဆုံချင်သေးတယ်
ပြိုကွဲသွားသော....အိပ်မက်ငယ်သို့
ပြိုကွဲသွားသော....အိပ်မက်ငယ်သို့
ဆွေးဆွေးမြေ့မြေ့ပါပဲ
အလွဲလွဲအချော်ချော်တွေနဲ့မှ နေသားကျတဲ့ကောင်
စဉ်းစားဥာဏ်မဲ့ခြင်းတို့ရဲ့ တစ်ဖက်
ငါ.......ကျိန်စာသင့်ခဲ့တဲ့ ညနေ
“ အပစ်ချတော်မူလှဲ့ ”
ငါ...အကြိမ်ကြိမ်မက်ခဲ့ရတဲ့အိပ်မက်ငယ်
ဖျက်ကနဲ..မှာပဲ...ပြိုကျ...ပျက်ဆီး....ကြေကွဲ
ဟင့်အင်း...မလာပါနဲ့
အမုန်းတရားတွေ တပွေ့တပိုက်နဲ့တော့
ငါ့မှာ...ခံနိုင်ရည်မဲ့နေဆဲမို့ပါ
နင်မလိုအပ်တဲ့အခါ
ဖျက်ကနဲ ပျောက်ကွယ်သွားမယ့်ကောင်
ဘာရယ်ကြောင့်နဲ့မှတော့
မထိခိုက်ပါစေနဲ့
ငါက...နင့်အပြုံးတွေကို
အမြဲရူးသွပ်နေခဲ့သူ
ငါ့ဘုရင်မလေးရယ်
ငါမက်ခဲ့တဲ့ အိပ်မက်ဟာ
အရောင်အဆင်းကင်းမဲ့တဲ့
ဖြူစင်ခြင်းသက်သက်ရယ်ပါ
နင့်အသံ...နင့်ဟန်
ငါ...အပြန်ပြန်အလှန်လှန်တွေးတိုင်း
ငါ့အတွက် ဆုလာဘ်တစ်ခုလို့သာ
အကြိမ်ကြိမ်...ငါ..တွေးထင်တယ်
ပွဲမစခင်ထဲက...ဇတ်သိမ်းခဲ့တဲ့
ခပ်ညံ့ညံ့ပြဇာတ်တစ်ခုလို
ဇတ်ဝင်တေးတစ်ပုဒ်ကို အသက်မဲ့စွာညည်းရင်း
ဒီလိုပါပဲ အချစ်ရယ်...
ငါ့ရဲ့ အိပ်မက်ငယ်ဟာ...
အဲဒီတစ်ညနေမှာပဲ
ပြိုကျ...ပျက်ဆီး....ကြေကွဲခဲ့ရတယ်
ချစ်သူဖတ်ဖို့(၃)
ချစ်သူဖတ်ဖို့ (၃)
အလင်းပွင့်တွေရဲ့နံနက်ခင်းဟာ
ရွှေရည်တွေစိုလူးလို့ ရူးရူးမူးမူးဖူးပွင့်
ချစ်သောသူရဲ့ မျက်ဝန်းစ မှာ ---
ကြည်လင်အေးချမ်းမှု ကောင်းကင်တစ်ခု
မိုးစက်တွေကြား--- တခမ်းတနားပေါ့ကွယ်
သဏ္ဍာန်ကိုထုတ် --ဟန်လုပ်ခဲ့ရတာမဟုတ်ပါဘူး
စကားလုံးတွေကို သီကုံးလို့ -- အချစ်ဆုံးရဲ့အပြုံးတွေသာ မြင်ချင်မိ
တခါတခါတော့ ငါ့ရင်မှာ မချိခဲ့ဘူး
ဝေးသွားမယ်ဆိုတဲ့စကား ဝေါဟာရတွေမှာ မရှိပါစေနဲ့
(မရှိပါစေနဲ့ -- ) ။
တကယ်ဆို ကမ္ဘာအထပ်ထပ်လည်းမခြားခဲ့
မြတ်နိုးသူရဲ့ရင်ထဲ -- စမ်းချောင်းကလေးတွေစီးဆင်းစေ
ကျေးငှက်ကလေးတွေ တေးဆိုစေ
လေပြည်ကလေးတွေ သော့သော့နှင်စေ
နင့်အတွက် --- ဘ၀အမောတွေလည်း ကြေပျောက်ပါစေ ။
လူတွေပါးစပ်ဖျားက “ အချစ် ” ဆိုတဲ့စကားလုံး မှာ
ဘာကြောင့် တပ်မက်မှုတွေပါနေခဲ့သလဲ
ဘာကြောင့် အတ္တ တချို့ မာနတချို့ပါနေခဲ့သလဲ
ဘာကြောင့် မနာလိုဝန်တိုမှုတွေပါနေခဲ့သလဲ
ငါ့အတွက်တော့ ရိုးစင်းတဲ့ ချစ်ခြင်း တစ်စုံသက်သက်ရယ်ပါ
“ နင့်ကို ငါ ချစ်တယ် ”
ချိုအီမွှေးပျံ့တဲ့ သင်းရနံ့နဲ့
နှုတ်ခမ်းတစုံရဲ့ခမ်းနားမှုမှာ ပျော်ဝင်မိခဲ့
တစ်နေ့တစ်ရက်လည်းမဟုတ်ခဲ့
ရှေ့ဆက်မယ့်ရက်များစွာအထိ နင့်ကို ချည်နှောင်ထားချင်ခဲ့
ဖြူစင်တဲ့ သံယောဇဉ်ကြိုးအချို့နဲ့
ဖြူစင်တဲ့ မြတ်နိုးခြင်းတိမ်စိုင်တွေနဲ့
ဖြူစင်တဲ့ မေတ္တာ တရား ရင်ခွင် နဲ့ ။
ဘယ်တော့မှ ပျောက်ပျက်မသွားဘူး
ဘယ်တော့မှ မပြိုကွဲသွားဘူး
ငါ တည်ဆောက်ထားတဲ့ နင့်အတွက်ချစ်ခြင်းဟာ
အပစ်မကင်းခဲ့တောင်မှ --
လစ်ဟင်းမသွားတဲ့ ရင်ခုန်သံတစ်ချက်တိုင်းမှာ
နင့်နာမည် ကို တိုးတိုးဖွဖွ ခေါ်နေတယ်ဆိုတာ ယုံ ။
ချစ်သူဖတ်ဖို့(၂)
ချစ်သူဖတ်ဖို့ (၂)
ဆည်းလည်းသံလွင်လွင်ကလေးပေါ့အချစ်ရဲ့
ငါ့သံသရာတလျှောက် ကျပျောက်ခဲ့ရတဲ့ ညနေခင်းလေးတွေပါပဲ
တစ်ခါတစ်ခါသည်းတယ် ---- ရင်ခွင်မှာ အထပ်ထပ်မိုးတိမ်တွေညို့လို့ ။
အေးစက်တဲ့ လေပြည်ကလေးတစ်ခုလား
ငြိမ့်ညောင်းတဲ့စမ်းချောင်းလေးတစ်ခုလား
ညိုပြာတဲ့ ကောင်းကင်တစ်ခုလား
နင်က ဘယ်လို ကဗျာလေးလဲကွယ်
လွမ်းတယ် -- နင့်အပြုံးတချို့နဲ့ ငါ အဆုံးထိတောင်မိုက်မဲချင်ခဲ့သူ
(ဟင့်အင်း) အမုန်းဆိုတာလည်းရှိမလာပါစေနဲ့
ကြားလေသွေးခဲ့ရင်တောင် ငါ့နှလုံးသွေးတွေနွေးနေဆဲ ။
ဘယ်လိုရင်ခုန်သံလေးလဲကွယ်
ပျောက်ရှသွားမှာစိုးလို့ ဖက်တွယ်မိတဲ့ တမ်းတစိတ်တချို့နဲ့
ရူးရူးမူးမူး နေ့ရက်များအကြောင်း
နင်သိအောင် ငါစာလုံးပေါင်းပြချင်တယ် ။
အချစ်ရယ် -- မိုးကုတ်စက်ဝိုင်းအဆုံးမှာတောင်
ကောင်းကင်နဲ့မြေပြင်ပေါင်းဆုံကြသေးတာပဲ
ငါတို့လည်းတစ်နေ့နေ့ ----
တဝေ့ဝေ့ ရစ်ဆိုင်းနေတဲ့ မြူနှင်းတွေအကြား
တင်းကြပ်စွာ ပွေ့ဖက် -- ရက်သတ္တပတ်တွေအကြောင်းမေ့ထားကြရအောင် ။
အလွမ်းကလည်း ဆိုးလွန်းပါတယ်
အချိန်တိုင်းဟာ ပုံရိပ်ပေါင်းများစွာနဲ့ --- တစ်ကမ္ဘာတစ်ခုထဲမှာတောင်
မျဉ်းပြိုင်ပေါင်းများစွာနဲ့ လှီးဖြတ်ထားခဲ့သလိုမျိုး
အို -- ရှိစေ တော့--
ငါ မြတ်နိုးတဲ့ နင့်အပြုံးတွေအတွက် အရှုံးတွေကို ရင်ဆိုင်ရဲတယ်ဆိုတာ
နင် သိထားတယ်ဆို---- ရပြီ ။
ချစ်သူဖတ်ဖို့(၁)
ချစ်သူဖတ်ဖို့
လက်ဖ၀ါးက နူးညံ့မှုကိုပေးတယ်
မျက်ဝန်းတွေက အေးချမ်းမှုကိုပေးတယ်
စကားလုံးတွေက အသိဥာဏ်တွေကိုပေးတယ်
ချစ်သူရေ -- ငါလို လူ့အန္ဓ တစ်ကောင်အတွက်
နင် ပေးဆပ်ရတာ--ထိုက်တန်ရဲ့လားကွဲ့ ။
အချိန်တိုင်းရင်ခုန်နေမိတဲ့ နှလုံးသားတစ်စုံနဲ့
အထိအတွေ့အချို့မှာ သာယာမိန်းမောခဲ့တာမဟုတ်ဘူး
တကယ်တော့-- ငါက နစ်မျော ပျော်ဝင်နေခဲ့ရတာ - - -
တစ်စက္ကန့် ---နှစ်စက္ကန့် ----သုံးစက္ကန့် ---
အချစ်ရယ် -- အဲဒီနေ့ကလည်း မိုးတွေ သည်းနေခဲ့တယ် ။
မေတ္တာတရားခြင်းနီးနေတယ်
နားလည်မှုခြင်းနီးနေတယ်
စာနာမှုခြင်းနီးနေတယ် -- အချစ်ရယ်
နင်ဟာ ငါ့ရဲ့ နတ်သမီးတစ်ပါးကွဲ့
(ဖြစ်နိုင်ခဲ့မယ်ဆိုရင် )
နင့်လက်ကိုတွဲ -- ငါတိုက်ပွဲပေါင်းများစွာလည်း တိုက်ချင်ခဲ့သေးတယ် ။
သံသရာဟာ တိုတိုကလေးအချစ်ရယ်
စိတ်ညစ်စရာတွေဘေးဖယ်ထား---
လိုအပ်တဲ့အခါ ---ငါ့ကိုခေါ်ပါ
မလိုအပ်တဲ့အခါ ---- ဘေးဖယ်ထားပါ
ငိုချင်တဲ့အခါ ကောင်းကင်ကို မော့ကြည့်ပါ
သက်တန့်တစ်စင်းနဲ့ချစ်ခြင်းသံစဉ်တွေရှိတယ် ။
လေးနက်တဲ့ ခံယူချက်တွေက--
ငါ့ကို တခါတခါ ဖျားသွားစေခဲ့ --- (ဘာတဲ့ )
ပေးဆပ်ခြင်းနဲ့သာ မွေ့လျော်ချင်နေခဲ့သူ
ယုံကြည်မိတယ် -- မြတ်နိုးမိတယ် ---
ဆံနွယ်ခက်တွေကြားက မျက်ဝန်းတွေကြားမှာ
ချစ်ခြင်းတရားတွေ တစ်သက်စာမက ရှိတယ် ။
အေးစက်တဲ့ ဆက်ဆံရေးများကြုံခဲ့ရရင်
ငါ့မျက်ဝန်းတွေကို စူးစိုက်ကြည့်ပါ
နွေးထွေးတဲ့ ချစ်ခြင်းတရားတွေ နင်မြင်နိုင်ရဲ့လား
ငါက -- တိတ်ဆိတ်အေးခဲ စီးမျောခြင်းကိုနှစ်သက်တယ်
ဒီလို -- သွေးအေးသတ္တ၀ါလည်းဖြစ်ရဲ့ ။
စီးကရက်ကိုကြိုက်တယ်
ကဗျာ ရေးရတာကိုကြိုက်တယ်
လွတ်လပ်စွာ ရယ်မောရတာကိုကြိုက်တယ်
လမ်းဘေးလက်ဖက်ရည်ဆိုင်ကိုကြိုက်တယ်
Language Poetry နဲ့ Post Modern ကိုကြိုက်တယ်
အရမ်းသတိရတယ် အချစ်ရယ် ။
သစ္စာ မဆိုထားလည်း ငါယုံကြည်ခဲ့
ဘယ်တော့မှ ထားသွားမှာမဟုတ်တဲ့ ရင်ခုန်သံ နုနုလေးတွေမှာ
ထိပ်ထားရယ် -- ငါကလည်းဆိုးပါတယ်
နင့်ကိုမှ အနိုင်ယူချင်နေမိတယ် -- ခွင့်လွှတ်ကွယ် ။
အချစ်ရေ
နီးခြင်းဝေးခြင်းကို ဘေးဖယ် --တေးမလွယ်တဲ့လောကဓံနဲ့
နင်ပြသခဲ့တဲ့ စစ်မှန်သော တရားတွေမှာ
ငါ့အတွက် အမှန်တရားကြယ်ပွင့်ကလေးတွေ --
လင်းလက် ဖူးပွင့်နေခဲ့ကြ
ကျေးဇူးပါ ထိပ်ထားရယ် --ချစ်ခြင်းတရားနဲ့
အရာရာအားလုံးအတွက် ----
အ ရာ ရာ အား လုံး အ တွ က် - - - ။
Template by:
Free Blog Templates